2160334117

ဧရာ၀တီတိုင်းမ်
ဇူလိုင် ၄ ရက်

မနေ့က မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်မှာ တူရကီအသင်းဟာ ဩစတြီးယားအသင်းကို ဒုတိယပိုင်းမှာ ၂ ဂိုး ၁ ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရနေပါတယ်။

အဲ့ဒီအချိန်မှာ ချေပဂိုးလိုအပ်နေတဲ့ ဩစတြီးယားဟာ တူရကီဘက်ကို တရစပ်တိုက်စစ်ဆင်နေလို့ တူရကီတို့ကလည်း ဂိုးမပေးရရေး အသည်းအသန် ပိတ်ဆို့ကာကွယ်နေရပါတယ်။

မိနစ် ၉၀ ပြည့်လို့ ဒိုင်တွေက နာကျင်အချိန်ပို ၄ မိနစ် သတ်မှတ်ပေးခဲ့ပါတယ်။ ပွဲချိန် နောက်ဆုံမိနစ်မှာ ဩစတြီးယား တိုက်စစ် ဘယ်ခြမ်းကနေ တူရကီဂိုးဧရိယာထဲကို ဖြတ်တင်ဘော တင်ပေးလိုက်ပါတယ်။

2160334105

အဲဒီဘောလုံးကို ဩစတြီးယားအသင်း ကွင်းလယ်လူ ဘန်ဂတ်နာက ပြင်းထန်တဲ့ခေါင်းတိုက်ချက်နဲ့ အပိုင် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အဲ့ဂိုးသာဝင်ခဲ့ရင် တဖက် ၂ ဂိုးစီသရေကျပြီး အချိန်ပိုဆက်ကန်ရမှာပါ။ ဩစတြီးယားအတွက် အချိန်ပိုဆက်ကန်ရဖို့ နောက်ဆုံးမျှော်လင့်ချက်ဂိုးလည်း ဖြစ်ပါတယ်။

ဂိုးဧရိယာထဲက ၅ ကိုက်လောက်အကွာက ခေါင်းတိုက်ချက်ဘောလုံးဟာ မြေကြီးကိုထောက်ပြီး ဂိုးပေါက်ဆီ ဦးတည်ခဲ့ရာမှာ တူရကီဂိုးသမား မ်တဂူနော့ဟာ အံ့ဩဖွယ်ရာလက်စွမ်းနဲ့ ပုတ်ထုတ်ကာကွယ်သွားခဲ့လို့ ဩစတြီးယားတို့ ရင်ကွဲပက်လက် ဖြစ်ခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ တူရကီတို့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်တက်သွားခဲ့ပါတယ်။ ဩစတြီးယား အတွက်တော့ တူရကီဂိုးသမား မတ်ဂူနော့ လက်စွမ်းပြကာကွယ်ခဲ့တဲ့ နောက်ဆုံးမိနစ် ခေါင်းတိုက်ချက်ကို အမြဲအမှတ်ရနေတော့မှာ ဖြစ်ပါတယ်။

Photo – Euro 2024
#Ayeyarwaddy_Times #Euro2024