ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ အမှုမှာ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လ်ဒိုက်နိုင်ငံတွေကို ကြားဝင်ခွင့် ပြုလိုက်ပြီလို့ ICJ က ဇူလိုင်လ ၃ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

အဆိုပါတိုင်းပြည်တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကမ္ဘာ့တရားရုံးအဖြစ် လူသိများတဲ့ ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုရာမှာ ကြားဝင်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။

“သက်ဆိုင်ရာ ၇ နိုင်ငံက ရေးသားထားတဲ့ ပူးတွဲကြားဝင်ဆောင်ရွက်မှုဆိုင်ရာ ကြေညာချက်ကို တင်ပြခွင့်ပြုမှာဖြစ်ပါတယ်” လို့ ICJ က ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။

“တရားစွဲဆိုမှုမှာ ICJ က အဆိုပါတိုင်းပြည်တွေကို ကြားဝင်ဆောင်ရွက်ဖို့ တရားဝင်ခွင့်ပြု မပြု ကို တရားရုံးက နောက်ပိုင်း ရက်တစ်ရက် သတ်မှတ်မှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အနောက်အာဖရိကတိုက်မှ မူဆလင်အများစုနေထိုင်ရာ ဂမ်ဘီယာနိုင်ငံဟာ ၂၀၁၇ ခုနှစ်မှာ မြန် မာနိုင်ငံရှိ လူနည်းစု ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ICJ မှာ မြန်မာနိုင်ငံကို အမှုဖွင့်ခဲ့ပါ တယ်။

မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၀၀၀၀၀ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရသလို လူမျိုးသုဉ်းသတ်ဖြတ်မှု အပြုအမူတွေ ပါဝင်ခဲ့တယ်လို့ ကုလသမဂ္ဂ အချက် အလက်ရှာဖွေရေးမစ်ရှင်က သုံးသပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှုစွဲချက်ကို ငြင်းဆန်ခဲ့ပြီး ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေက ဘက်လိုက်မှုရှိကာ တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ဖြိုခွင်းခဲ့တာလို့ ပြောပါတယ်။

ICJ က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု တရားစွဲဆိုမှုအပေါ် မြန်မာနိုင်ငံရဲ့ငြင်း ဆန်မှုကို ပယ်ချကာ အပြည့်အဝ ကြားနာမှုပြုလုပ်ဖို့ လမ်းဖွင့်ပေးခဲ့ပေမယ့် ရက်အတိအကျ မသတ်မှတ် ရသေးပါဘူး။

ကိုးကား – Reuters
Ref; France, Britain and others allowed to intervene in Myanmar ICJ genocide case

#Ayeyarwaddy_Times