
ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်
ရုရှားရဲ့ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးမှာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကာလဖြစ်နေပြီလို့ ကာဇတ်စတန်နိုင်ငံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံချိန်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြော ပါတယ်။
ဇူလိုင်လ ၃ ရက် ကာဇတ်စတန်နိုင်ငံ၊ အစ်တန်ညာမြို့တော်မှာကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း ထိပ်သီးဆွေးနွေးပွဲရဲ့ ဘေးပန်းအစည်းအဝေးမှာ ပူတင်နဲ့ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့တာပါ။
ရုရှားနဲ့တရုတ်ကြား ဆက်ဆံရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ သမိုင်းမှာ အကောင်းဆုံးကာလလို့ ပူတင်က ပြောပါတယ်။
နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံတကာနယ်ပယ်ကို တည်ငြိမ်စေမယ့် အရေးပါ သော အချက်တစ်ချက်ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
ယူကရိန်းအရေးနဲ့ပတ်သက်လို့ ဉရောပတိုက်၊ အမေရိကန်နိုင်ငံတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရာမှာ တ ရုတ်နိုင်ငံနဲ့ စည်းလုံးညီညွတ်မယ်လို့ သူက ဆက်ပြောပါတယ်။
ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အသင့်ရှိကြောင်း၊ ဘက်စုံပါဝင်သော မိတ်ဖက်ဆောင် ရွက်မှု လုပ်ဆောင်ဖို့နဲ့ ပြည်ပရဲ့ ကြားဝင်စွက်ဖက်မှုကို နှစ်နိုင်ငံစလုံးက ဆန့်ကျင်သင့်တယ်လို့ ရှီကျင့် ဖျင်က ပြောကြားခဲ့ပါတယ်။
တရုတ်နဲ့ရုရှားက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းဖို့ ပူးပေါင်း ကြိုးပမ်းသင့် ကြောင်း၊ တရုတ်နိုင်ငံက အရေးပါသော ဒေသတွင်းပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းဖို့ တက်ကြွစွာ လုပ်ဆောင်မယ်လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – NHK
Ref; Putin: Relations between Russia, China ‘at their best period in history’
#Ayeyarwaddy_Times