
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၉ ရက်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၁၈ လ ရှိလာခဲ့ပြီဖြစ်ပါတယ်။ အာဏာသိမ်း စစ် ကောင်စီက တိုင်းပြည်ကိုထိန်းချုပ်နိုင်ဖို့ အကြမ်းဖက်မှုတွေ အရှိန်မြှင့်လာခဲ့ပြီး ပြည်သူ ၂၁၀၀ ကျော်ကို သတ် ဖြတ်ကာ ထောင်နဲ့ချီတဲ့ပြည်သူတွေကို အကျဉ်းချခဲ့ပြီး ထိန်းသိမ်းခံရသူတွေကို အပါအဝင် ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ မကြာသေးမီက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက် မျက်ခဲ့ပြီး ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုနဲ့ နှိပ်ကွက်မှုတွေ ထပ်မံ အရှိန်မြှင့်လာခဲ့ပါတယ်။
မြန်မာ အာဏာသိမ်းစစ်ကောင်စီက စေ့စပ်ညှိနှိုင်းလိုတဲ့ဆန္ဒ လုံးဝ မရှိဘူးလို့ မကြာသေးမီက ဝါရှင်တန် မြို့တော်မှာပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒါရက်ခ်ချို လေးက ထောက်ပြခဲ့ပါတယ်။
“စစ်တပ်က တိုင်းပြည်ကို ထိန်းချုပ်နိုင်ပြီလို့ဆိုပေမယ့် အမှန်တစ်ကယ်တော့ နိုင်ငံရေးနဲ့စီးပွားရေးအရ ထိန်းချုပ်နိုင်ဖို့ ယှဉ်ပြိုင်နေရဆဲဖြစ်ပြီး စစ်ကောင်စီက တည်ငြိမ်မှုရအောင် မဆောင်ရွက်နိုင်ဘူးဆိုတာ ပြသခဲ့ပါ တယ်” လို့ ၄င်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ပြန်လည်ရရှိဖို့နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လူမဆန်တဲ့ ဖြိုခွင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းရာမှာ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံက သံန္္နိဌာန် ချထားပါတယ်။
အမေရိကန်နိုင်ငံက စစ်တပ်ကိုယ်စားလှယ်တွေနဲ့ အကြမ်းဖက်မှုအတွက် တာဝန်ရှိသူတွေ အပါအဝင် လူ ပုဂ္ဂိုလ် ၇၀ ကျော်ကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ “အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်မှုရှိတဲ့ စီးပွား ရေးလုပ်ငန်း ၂၇ ခုကိုလည်း ကျွန်တော်တို့ ဒဏ်ခတ်အရေးယူခဲ့ပါတယ်” လို့ ဒါရက်ခ်ချိုလေးက ပြောပါတယ်။
စစ်ကောင်စီအပေါ် စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေနဲ့အတူ အမေရိကန်နိုင်ငံက ဒီမိုကရေစီလိုလားသူ တွေကို အရင်းအမြစ်တွေ ထောက်ပံ့ပေးခဲ့ပြီး အရပ်ဘက် တက်ကြွလှုပ်ရှားသူ ၁၀၀၀ ကျော်ကို အရေးပေါ်အကူအ ညီ ပေးအပ်ခဲ့တယ်လို့ ၄င်းက ဆိုပါတယ်။
အမေရိကန်နိုင်ငံက မြန်မာပြည်သူတွေထံ လူသားချင်းစာနာမှုအကူအညီ တိုက်ရိုက် ပေးအပ်နေပါတယ်။ အမေရိကန်နိုင်ငံက မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၄၃၄ သန်းကျော်နဲ့ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ဆက်စပ်တဲ့အကူအညီ ဒေါ်လာ သန်း ၂၅၀ ကျော် ပံ့ပိုးကူညီခဲ့ပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။
တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို အမေရိကန်နိုင်ငံက ဆက်လက်ပြီး ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။
မြန်မာပြည်သူတွေဟာ စစ်အုပ်ချုပ်မှုကို နှစ်ပေါင်းများစွာကြာ ကြုံတွေ့ခံစားခဲ့ရသူတွေဖြစ်တာကြောင့် အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုနဲ့ ထိုက်တန်သူတွေဖြစ်ပါတယ်။
သြဂုတ်လ ၈ ရက်က VOA တွင် ဖော်ပြထားသည့် Supporting a path toward democracy in Burma ဆိုသည့် အယ်ဒီတာ့အာဘော်ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။