
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၉ ရက်
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အပြည့်အဝ အ ကောင်အထည်ဖော်ဆောင်ဖို့ အင်ဒိုနီးရှားနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။
အာဆီယံအဖွဲ့က မိသားစုတစ်ခုအနေနဲ့ မြန်မာ့အကျပ် အတည်းအတွက် အဖြေတစ်ခုရှာဖွေဖို့ စိန်ခေါ်မှု တစ်ခု ကြုံ တွေ့နေရတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားပါတယ်။
“စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာနဲ့ပတ်သက် လို့ ကျွန်မတို့ အလွန်အမင်း စိုးရိမ်မိပါတယ်။ ကျွန်မတို့ စကားလုံးတွေ မလိုအပ်ဘဲ ဘုံသဘောတူညီချက် ဖော် ဆောင်မယ့်လုပ်ရပ်သာ လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။
“မြန်မာနိုင်ငံက အခြေအနေနဲ့ပတ်သက်လို့ အာဆီယံကို ဓားစာခံမလုပ်သင့်ပါဘူး။ အာဆီယံအဖွဲ့က ရှေ့ ဆက်လျှောက်လှမ်းရမှာဖြစ်ပါတယ်” လို့ မာဆူဒီက ဆိုပါတယ်။
အာဆီယံအဖွဲ့က ငြိမ်းချမ်းစွာ နေထိုင်ရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးအတွက် ဒေသတွင်းနေ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးသင့်တယ်လို့ ၄င်းက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်မှာ အာဆီယံခေါင်းဆောင်တွေနဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ တွေ့ဆုံခဲ့ကြပြီး အာဆီယံ ဘုံသဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ပါတယ်။
ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နဲ့ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်ဟာ စက်တင်ဘာလ အစောပိုင်းမှာ မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်ဖို့ စီစဉ်နေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့ရဲ့ လာမယ့်နှစ် အလှည့်ကျဥက္ကဌတာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။
ကိုးကား – Jakarta Globe
Ref; On ASEAN Day, Indonesia Urges Myanmar Junta to Implement Peace Consensus