ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ မြို့မဈေးကြီးတွင် ညစဥ် ဆိုင်ခန်းများကို ဖောက်ထွင်းခိုးယူမှုများ ဖြစ်ပွားနေသော်လည်း တရားခံများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း စျေးသူစျေးသားများထံက သိရသည်။

“ဈေးမှာ ညလုံခြုံရေး လေးယောက်ရှိနေတဲ့ကြားက အမြဲ ပစ္စည်းတွေ ဖောက်ခံနေရတာကြာပြီ ပျောက်လို့တိုင်ရင်လည်း စည်ပင်နဲ့ရဲက လာကြည့်ပြီး ပြန်သွားရော ခုက သူခိုးတွေပိုများလာတယ်။ နေ့တိုင်းဟိုမှာခိုးခံရဒီဆိုင်အဖောက်ခံရနဲ့တိုင်လဲမိတာမဟုတ်ဘူးခုကပိုအတင့်ရဲလာကြပြီ “ဟု မြို့မဈေးရှိ ဆိုင်ခန်းပိုင်ရှင်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ရက်နေ့က တစ်ညအတွင်းမှာပင် ဆိုင်ခန်းလေးခန်းဖောက်ထွင်းခံရပြီး ကုန်ခြောက်ပစ္စည်းများနှင့် ငါးခြောက်များ အခိုးခံရကာ တရားခံဖမ်းဆီးနိုင်ခြင်းမရှိပဲ တစ်လအတွင်းမှာပင် ဈေးအတွင်းရှိတစ်ချို့ ဆိုင်များလည်းဖောက်ထွင်းခံနေရကြောင်းသိရသည်။

ပုသိမ်မြို့ရှိရဲတပ်ဖွဲ့၀င်အများစုမှာလောင်းကစားနှင့်မူးယစ်ဆေးရောင်းချသူများထံမှ လာဘ်ငွေတောင်းခံခြင်း ၊အချိန်ပြည့် အရက်သောက်စားခြင်းများ နှင့် PDFများ ၀င်ရောက်လာနိုင်သောကြောင့် မြို့၀င်ဂိတ်များနှင့် ရပ်ကွက်များကိုစောင့်ကြည့်နေရခြင်းကြောင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အားနည်းလာကြောင်း ရဲတပ်ဖွဲ့၀င်အငြိမ်းစားတစ်ဦးမှ သုံးသပ်ပြောဆိုသည်။

ပုသိမ်မြို့တွင်စစ်တပ်နှင့်ရဲများသည် ညစဥ် အင်အားပြ ကင်းလှည့်နေသော်လည်း လမ်းသွားလမ်းလာများထံမှ ဆိုင်ကယ်ဖြင့် လိုက်လံလုယက်မှုများနှင့် နေအိမ်များကို ၀င်ရောက်ခိုးယူမူများ ပိုမိုဖြစ်ပွားခဲ့ပြီး တရားခံများကိုဖမ်းမိခြင်း တစ်ကြိမ်မှမရှိသေးကြောင်း ဒေသခံများမှပြောသည်။

#ပုသိမ်မြို့မဈေးကြီး #ဖောက်ထွင်းခိုးယူမှုများ #တရားခံဖမ်းဆီးနိုင်ခြင်းမရှိ #Ayeyarwaddy_Times