ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

လစ်ဗျားနိုင်ငံသို့ ဦးတည်နေပြီး လေတာဘိုင်ကိရိယာတွေအဖြစ် ပုံဖျက်ထားတဲ့ တရုတ်နိုင်ငံ ထုတ် စစ်ဘက်ဒရုန်းနှစ်စင်းကို အီတလီအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တယ်လို့ အီတလီရဲနဲ့ အကောက် ခွန်ဌာနက ပြောပါတယ်။

လေတာဘိုင်ပန်ကာရွက်တွေအဖြစ် ဖုံးကွယ်ထားတဲ့ တရုတ်လုပ် စစ်ဘက်ဒရုန်းနှစ်စင်းကို အီတ လီနိုင်ငံတောင်ပိုင်း၊ ကာလာဘရီယာဒေသ၊ ဂီယိုရီယာတော်ရိုဆိပ်ကမ်းက ကွန်တိန်နာခြောက်လုံးအ တွင်း တွေ့ရှိခဲ့တာလို့ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်က ဖော်ပြပါတယ်။

အဆိုပါဒရုန်းတွေကို နိုင်ငံတကာရဲ့ လက်နက်တင်ပို့မှု ပိတ်ပင်ထားတဲ့ ပြည်တွင်းစစ်ဘေးသင့် လစ်ဗျားနိုင်ငံသို့ ပို့ဆောင်ဖို့ဦးတည်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အမေရိကန် ထောက်လှမ်းရေးအဖွဲ့ရဲ့ သတင်းပေးချက်အရ ဇွန်လ ၁၈ ရက်က တရုတ်နိုင်ငံထုတ် စစ်ဘက်ဒရုန်းတွေကို ဖမ်းဆီးမိခဲ့တာလို့ ကော်ရီယာရီဒယ်လာဆီရာသတင်းစာက အတည်ပြုပါတယ်။

တရုတ်နိုင်ငံ ယန်တီယန်ဆိပ်ကမ်းမြို့မှ တပ်မှူး ခါလီဖာဟတ်ဖ်တာ ထိန်းချုပ်ထားတဲ့ လစ်ဗျား နိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့သို့ သွားရောက်နေတဲ့ ကွန်တိန်နာသင်္ဘောတစ်စင်းမှ ဒရုန်းတွေ ဖမ်းဆီးမိ တာလို့ အဆိုပါသတင်းစာက ဖော်ပြပါတယ်။

၂၀၁၁ ခုနှစ်မှာ နေတိုးအဖွဲ့ကျောထောက်နောက်ခံပြုတဲ့ အရေးတော်ပုံမှာ မူအမ်မာကဒါဖီ ဖြုတ် ချခံရပြီးနောက် လစ်ဗျားနိုင်ငံက ပြည်တွင်းစစ်ဖြစ်ကာ အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာ အစိုးရအဖွဲ့ နှစ် ခြမ်းကွဲနေပါတယ်။

ကိုးကား – Reuters
Ref; Italy seizes Chinese-made military drones destined for Libya

#Ayeyarwaddy_Times