
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပမာဏကြီးမားသော ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ် ခုကို မြောက်ကိုရီးယားက ရှုတ်ချခဲ့ပြီး ယင်းသို့သောလုပ်ရပ်က သေစေနိုင်သော အကျိုးဆက်တွေ ဖြစ်လာ နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
အဆိုပါသုံးနိုင်ငံဟာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Theodore Roosevelt ပါဝင်သော “Freedom Edge” လို့ အမည်ပေးထားတဲ့ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို အရှေ့ တရုတ်ပင်လယ်အတွင်း ပြုလုပ်ခဲ့ပါတယ်။
ပင်လယ်ပြင်မှာ ဒုံးကျည်ကာကွယ်ရေးနဲ့ ဆိုက်ဘာတိုက်ခိုက်မှု တုံ့ပြန်ရေး အပါအဝင် စစ်ရေးလေ့ ကျင့်မှု အမျိုးအစား ၇ ခုကို ပြုလုပ်ခဲ့ပါတယ်။
ရန်စသော စစ်ရေးလေ့ကျင့်မှုကြောင့် အဆိုပါ ၃ နိုင်ငံကို ရှုတ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံ ခြားရေးဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းဌာန KCNA မှတစ်ဆင့် ပြောပါတယ်။
အဆိုပါ ၃ နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အာရှပုံစံ နေတိုးအဖွဲ့လို့ မြောက်ကို ရီးယားက ခေါ်ဆိုလိုက်ပါတယ်။
ရုရှားနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကာ ရန်သူတပ်ဖွဲ့တွေရဲ့ စုပေါင်းစစ်ရေးစွက် ဖက်မှုကို ဟန့်တားမယ့်လုပ်ရပ်ကို လုပ်ဆောင်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ စနေနေ့က အာဏာရ အလုပ်သမားပါတီရဲ့ မျက် နှာစုံညီ အစည်းအဝေးမှာ အရေးပါသော မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ကင်ဂျုံအန်က ၅ နှစ်ကြာ ကာကွယ်ရေးစီမံချက် စတုတ္ထနှစ်မှာ မြောက်ကိုရီးယားရဲ့ နျူကလီး ယားနဲ့ ဒုံးကျည်တည်ဆောက်ရေး အစီအစဉ်တွေကို ပြောကြားခဲ့ခြင်း ရှိ မရှိကို စောင့်ကြည့်နေကြပါ တယ်။
ကိုးကား – NHK
Ref; North Korea denounces Japan-US-South Korea joint military exercises
#Ayeyarwaddy_Times