ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်

နယ်သာလန်နိုင်ငံဟာ ယူကရိန်းသို့ ကတိပြုထားတဲ့ F-16 ဂျက်တိုက်လေယာဉ် ပထမအသုတ် ကို မကြာမီ ပေးပို့မယ်လို့ ဒတ်ချ်အစိုးရအဖွဲ့က ပြောပါတယ်။

ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့ရေးအတွက် လိုအပ်သော ခွင့်ပြုချက်တွေ တ ရားဝင်ခွင့်ပြုပြီးဖြစ်တယ်လို့ ပြီးခဲ့နှစ် ရွေးကောက်ပွဲအပြီး လနဲ့ချီကြာအောင် ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့ စည်းပြီးနောက် လွှတ်တော်သို့ပေးပို့ခဲ့တဲ့ စာတစ်စောင်အတွင်း ကာကွယ်ရေးဝန်ကြီး ကတ်ဂျ်ဆာအော် လွန်ဂရမ်က ပြောပါတယ်။

ပထမအသုတ်မှာ F-16 ဂျက်တိုက်လေယာဉ် ဘယ်နှစ်စင်းပေးပို့ပြီး ဘယ်အချိန်မှာ ယူကရိန်းသို့ ရောက်ရှိမယ်ဆိုတာကို လုံခြုံရေးအခြေအနေတွေကြောင့် ထုတ်ဖော်ပြောဆိုဖို့ သူက ငြင်းဆန်ခဲ့ပါတယ်။

ရုရှားတိုက်ခိုက်မှုကို ကာကွယ်နိုင်မယ့် လေကြောင်းရန်ကာကွယ်ရေးစနစ် အဆင့်မြှင့်တင်ဖို့ ယူ ကရိန်းသို့ စစ်လက်နက်တွေထောက်ပံ့တဲ့ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ရဲ့နောက်မှာ နယ်သာလန်နိုင်ငံက အဓိကမောင်းနှင်အားတစ်ခု ဖြစ်ခဲ့ပါတယ်။

နယ်သာလန်နိုင်ငံက အစောပိုင်းမှာ ရိုမေးနီးယားနိုင်ငံရှိ လေ့ကျင့်ရေးစခန်းတစ်ခုသို့ F-16 ဂျက် တိုက်လေယာဉ်တွေ ပေးပို့ခဲ့ပါတယ်။

အဆိုပါလေ့ကျင့်ရေးစခန်းမှာ ယူကရိန်းလေယာဉ်မှူးတွေနဲ့ မြေပြင်ဝန်ထမ်းတွေ စစ်မြေပြင်မှာ F-16 ဂျက် တိုက်လေယာဉ်တွေကို ဘယ်လိုပျံသန်း၊ ထိန်းသိမ်းရတာဆိုတာကို သင်ကြားပေးနေပါတယ်။

လအနည်းငယ်အတွင်း ဒိန်းမတ်၊ နယ်သာလန်နဲ့ အမေရိကန်နိုင်ငံတွေက ယူကရိန်းသို့ ကတိပြု ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့မှုစတင်မယ်လို့ မျှော်မှန်းကြောင်း ကတ်ဂျ်ဆာအော်လွန်ဂ ရမ်က ဧပြီလအတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Netherlands to start F-16 deliveries to Ukraine soon, government says

#Ayeyarwaddy_Times