ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေတွင် ဇွန်လ ၂၉ ရက်နေ့က လူငယ် ၃ ဦးရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်ကနေ ငွေဆောင်ကမ်းခြေကို လာရောက်လည်ပတ်ရင်း ရေဆင်းကူးသည့် ကလေးတဦး ရေနစ်နေသည်ကို ကယ်ဆယ်ရင်း ဂျပန်က ပြန်လာသူ ၂ ဦး အပါဝင် စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကြောင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

” ရေနစ်နေတဲ့ ကလေးကို သူတို့ ၂ ယောက်နဲ့ အခြားတယောက်က ဝင်ကယ်တာ၊ အဲ့မှာ သူတို့က သတိလစ်သွားတာ ဆေးရုံတော့ ပို့ပေးလိုက်သေးတယ်။ ဒါပေမယ့် နယ်ဆေးရုံဆိုတော့ အားကိုးလို့မရတာလည်း ပါတာပေါ့ ၃ ယောက်ဆုံးသွားတယ်။ ရေနစ်တဲ့ ကလေးမလေးကတော့ အသက်ရှင်တယ်”ဟု ဒေသခံ အမျိုးသား တဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ရေနစ်နေသူကို ကယ်ရင်း သေဆုံးခဲ့ရသူများ၏ မိခင်မှာလည်း ပုသိမ်မြို့ဆေးရုံတွင် လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

သေဆုံးခဲ့သူ ၃ ဦးလုံးမှာ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှ ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့က ဟိန္ဒူရိုးရာဓလေ့အတိုင်း နာရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသည် မိုးတွင်းကာလ ရေကူးသည့် လူကို အောက်ကို ဆွဲချသွားလေ့ရှိတာကြောင့် သတိထားရေဆော့ဖို့အတွက် ဒေသခံများမှလည်း တိုက်တွန်းပြောဆိုသည်။

မေလပိုင်းကလည်း ငွေဆောင်ကမ်းခြေတွေ လူ ၃ ဦးရေနစ်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

#ငွေဆောင်ကမ်းခြေ #ရေနစ်သေဆုံး #ဂျပန်ပြန် #သာကေတ #Ayeyarwaddy_Times