
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
အာဆီယံအဖွဲ့က ဆက်လက်ပြီး အင်အားကြီးမားနေတာကြောင့် အိန္ဒိယနိုင်ငံက အာဆီယံအဖွဲ့ ရဲ့ တန်ဖိုးထားသော မိတ်ဖက်တစ်ဉီးဖြစ်တယ်လို့ လာအို၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဉီး စီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ချာတူလောင်က ပြောပါတယ်။
အာဆီယံအဖွဲ့ရဲ့ အရေးကြီးသော အချက်တစ်ချက်မှာ မြန်မာနိုင်ငံရဲ့ ဆိုးရွားလာသော အခြေအ နေဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့ မြန်မာ့အရေးဖြေရှင်းဖို့ ဘုံသဘောတူညီချက် (၅) ရပ် ချမှတ်ခဲ့ပြီး အထူးကိုယ်စား လှယ်တစ်ဉီး ခန်အပ်ခဲ့ပါတယ်။ အထူးကိုယ်စားလှယ်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနကို တာဝန်ခံရပြီး ကျွန်တော်တို့ မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံနေပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်အနေနဲ့ အိန္ဒိယနိုင်ငံက အရေးပါသော အခန်းကဏ္ဍမှပါဝင် နေလို့ အိန္ဒိယနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုပြုလုပ်ခြင်းက အာဆီယံအဖွဲ့နဲ့ လာအိုနိုင်ငံအတွက် အလွန် အ ရေးကြီးတယ်လို့ ၎င်းက ပြောပါတယ်။
အိန္ဒိယနိုင်ငံက ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ECEP) ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ဖို့ အာဆီယံအဖွဲ့က မျှော်လင့်နေတယ်လို့ သူက ဆိုပါတယ်။
RCEP ဆိုတာ မြန်မာအပါအဝင် အာရှနဲ့ ပစိဖိတ်ဒေသမှ တိုင်းပြည်တွေကြား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ် ဖြစ်ပါတယ်။
ကိုးကား – ANI
Ref; India remains valued partner of ASEAN: Director-General ASEAN Dept in Laos Foreign Ministry
#Ayeyarwaddy_Times