ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်

အစ္စရေးမှ ယူကရိန်းသို့ ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် လွှဲပြောင်းပေးဖို့ အ မေရိကန်နိုင်ငံက စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေစဉ် ယူကရိန်းသို့ ပေးပို့နေတဲ့ စစ်လက် နက်တွေကို ဖျက်ဆီးပစ်ဖို့ ရုရှားက ကတိပြုလိုက်ပါတယ်။

ဟောင်းနွမ်းနေပြီဖြစ်တဲ့ ပက်ထရီးယော့ ဒုံးခွင်းစနစ် ယူကရိန်းသို့ လွှဲပြောင်းပေးရေးနဲ့ပတ်သက် လို့ အမေရိကန်အစိုးရက အစ္စရေး၊ ယူကရိန်းတို့နဲ့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်မှုအပေါ် ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် ဗစ်ဆီလီနီဘန်ဇီယာက အခုလို ပြောကြားခဲ့တာပါ။

“အနောက်နိုင်ငံတွေနဲ့ အမေရိကန်က ယူကရိန်းကို စစ်လက်နက်တွေ ထောက်ပံ့ရင် ဖျက်ဆီးခံရ မှာဖြစ်ပါတယ်” လို့ ရုရှားနိုင်ငံက လုံခြုံရေးကောင်စီမှာ တစ်လကြာ ဉက္ကဌတာဝန်ယူပြီးနောက် ၎င်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သူသာ ပြန်လည်ရွေးကောက်ခံရပါက ယူကရိန်းစစ်ပွဲကို တစ်ရက်အတွင်း အဆုံးသတ်မယ်ဆိုတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ မကြာသေးမီက မှတ်ချက်စကားနဲ့ပတ်သက်လို့ မေးမြန်းရာ မှာ အရင်ကလည်း အခုလိုပြောကြားချက်တွေ ကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

“ယူကရိန်းပဋိပက္ခကို တစ်ရက်အတွင်း မဖြေရှင်းနိုင်ပါဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။ မြေ ပြင်အခြေအနေက ပြောင်းလဲလာခဲ့လို့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ သူက ပြောပါတယ်။

တိုင်းပြည်အများစုက ကမ္ဘာ့နိုင်ငံရေးမှာ ပိုပြီး လွှမ်းမိုးချင်လာပေမယ့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ထင်ဟပ်စေတယ်လို့ နီဘန်ဇီယာက ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဉက္ကဌသက်တမ်းအတွင်း ပါလက်စတိုင်းပဋိပက္ခကို အလေးထား ဖြေရှင်းမယ်လို့ သူက ဆက်ပြောပါတယ်။

ကိုးကား – Anadolu
Ref; Russia vows to destroy weapons sent to Ukraine by Western states

#Ayeyarwaddy_Times