ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်

နိုဝင်ဘာလအတွင်းပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမတိုင်မီ ရုပ်သံစကားစစ်ထိုးပွဲမှာ ချည့်နဲ့ သော စွမ်းဆောင်ရည်ကြောင့် သမ္မတ ဂျိုးဘိုင်ဒင်က ပြန်လည်ရွေးကောက်ခံဖို့ မကြိုးပမ်းသင့်ဘူးလို့ အ မေရိကန်မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းကျော်က ဆန္ဒမဲပြုခဲ့တယ်လို့ သိရပါတယ်။

ဂျိုးဘိုင်ဒင်ဟာ ကြာသပတေးနေ့က သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်နဲ့ စကားစစ်ထိုးပွဲအတွင်း ရုန်းကန်ခဲ့ရကာ သူ့ရဲ့အသံဟာ အက်ကွဲနေခဲ့ပါတယ်။

စကားစစ်ထိုးပွဲပြီးနောက် CBS News နဲ့ YouGov တို့က မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် ၁၁၀၀ ကျော်ကို နှစ်ရက်ကြာ စစ်တမ်းတစ်ရပ် ကောက်ယူခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်အနေနဲ့ သမ္မတရာထူး မယှဉ်ပြိုင်သင့်ဘူးလို့ မဲဆန္ဒရှင် ၇၂ ရာခိုင်နှုန်းက ပြောကြားခဲ့ လို့ ဖေဖော်ဝါရီလအတွင်းပြုလုပ်ခဲ့တဲ့ အချက်အလက်တွေက ၉ ရာခိုင်နှုန်း မြင့်တက်လာတာကို စစ်တမ်း ရလဒ်တွေက ပြသခဲ့ပါတယ်။

မှတ်ပုံတင်ထားတဲ့ ဒီမိုကရက်တစ်မဲဆန္ဒရှင် ၄၆ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒင်အနေဖြင့် ပြန်လည်ရွေး ကောက်ခံဖို့ မကြိုးပမ်းသင့်ဘူးလို့ စစ်တမ်းရလဒ်က ဆိုပါတယ်။ ဂျိုးဘိုင်ဒင်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ ဝါရှင်တန်မြို့တော်အနီး ဒေးဗစ်စခန်းမှာ မိသားစုနဲ့အတူ တနင်္ဂနွေ အားလပ်ရက် အပန်းဖြေနေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဂျိုးဘိုင်ဒင်က သူ့ရဲ့မိသားစုနဲ့ ရွေးကောက်ပွဲပြန်လည်ယှဉ်ပြိုင်မယ့် အနာဂတ်ကို ဆွေးနွေးမယ် လို့ ယူဆရတယ်လို့ NBC News က ဖော်ပြပါတယ်။

သို့သော်လည်း တနင်္ဂနွေနေ့ အစီအစဉ်ကို စကားစစ် ထိုးပွဲမတိုင်မီ ပြုလုပ်ခဲ့တာလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

ဂျိုးဘိုင်ဒင်အနေနဲ့ ဒီနှစ် သမ္မတရွေးကောက်ပွဲမှ နှုတ်ထွက်သင့်တယ်လို့ အမေရိကန် ထိပ်တန်း သတင်းစာ The New York Times က စကားစစ်ထိုးပွဲပြီးနောက် အယ်ဒီတာ့အာဘော်တစ်ပုဒ်မှာ ရေး သားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Poll: Over 70% voters say Biden should not run for president after debate

#Ayeyarwaddy_Times