ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင် ၁ ရက်

ချင်းပြည်နယ်၊ မတူပီမြို့၊ မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို ချင်းညီနောင်က ယနေ့ ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်သည်။

မတူပီမြို့ကို ချင်းညီနောင်၊ အာရက္ခတပ်တော်(AA)၊ Yaw Army (YA) နှင့် Yaw Defense Force (YDF) တို့ပူးပေါင်း၍ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲခြင်းဖြစ်သည်။

ချင်းညီနောင်စစ်ဆင်ရေး(Operation CB) မတူပီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ မတူပီအခြေစိုက်ဗျူဟာ၊ ခမရ-၃၀၄ တပ်ရင်းနှင့် ခလရ-၁၄၀တပ်တို့မှ ဟောင်ဝပ်ဇာ အမြောက်၊ 14.5 ZPU လေယာဉ်ပစ်စက်သေနတ်ကြီးနှစ်လက်၊ အခြား လက်နက်ကြီး လက်နက်ငယ်များနှင့်အတူ ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများကိုလည်း ထပ်မံထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစာ-ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။

#မတူပီမြို့သိမ်းတိုက်ပွဲ #သိမ်းဆည်းရမိ #လက်နက်ခဲယမ်းများ #ချင်းညီနောင်ထုတ်ပြန် #Ayeyarwaddy_Times