ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂ ရက်

ဒီကနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ပြင်သစ်က ဘယ်လ်ဂျီယံကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်သွားခဲ့ပါတယ်။

ဒီကနေ့ပွဲစဉ်မှာ ပြင်သစ်အသင်းဟာ အမ်ဘက်ပေ၊ သူရမ်၊ ဂရဇ်မန်း၊ ရာဘီရော့၊ တက်ချူအာမန်နီတို့ တွဲလုံးတွေနဲ့ ထိုးဖောက်ပြီး ခေါင်းတိုက်ဘော၊ ဖြတ်တင်ဘော၊ အဝေးကန်ချက်တွေနဲ့ ဂိုးရဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဘယ်လ်ဂျီယံကလည်း လူကာကူ၊ ဒီဘရိုင်း၊ ဒိုကူတို့ တွဲလုံးတွေနဲ့ ပြင်သစ်ဘက်ကို ထိုးဖောက်ခဲ့လို့ ပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။ လူကာကူနဲ့ ဒီဘရိုင်းတို့ ကန်ချက်တွေကို ပြင်သစ်ဂိုးသမား မိုက်ဂနမ် ကာကွယ်နိုင်ခဲ့လို့ ဘယ်လ်ဂျီယံတို့ ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။

PRAGUE, CZECH REPUBLIC – JUNE 07: David Moyes, Manager of West Ham United, celebrates with their winners medal after the team’s victory during the UEFA Europa Conference League 2022/23 final match between ACF Fiorentina and West Ham United FC at Eden Arena on June 07, 2023 in Prague, Czech Republic. (Photo by Richard Heathcote/Getty Images)

ပြင်သစ်ဘက်ကလည်း တိုက်စစ်မှူး သူရမ်ရဲ့ ခေါင်းတိုက်ဘောနဲ့ အမ်ဘက်ပေ၊ တက်ချူအာမန်နီတို့ အဝေးကန်ချက်တွေနဲ့ ဂိုးရဖို့ ကြိုးပမ်းပေမယ့် ဂိုးပေါက်မတည့်ဘဲ လွဲချော်နေလို့ ပွဲချိန် မိနစ် ၈၀ ကျော်အထိ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာ တိုက်စစ်မှူး မူအာနီက ရလာတဲ့အခွင့်အရေးကို ကန်သွင်းရာမှာ ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်နဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့လို့ ပြင်သစ်အသင်း ဦးဆောင်ဂိုး ရခဲ့ပါတယ်။

PRAGUE, CZECH REPUBLIC – JUNE 07: David Moyes, Manager of West Ham United, celebrates with their winners medal after the team’s victory during the UEFA Europa Conference League 2022/23 final match between ACF Fiorentina and West Ham United FC at Eden Arena on June 07, 2023 in Prague, Czech Republic. (Photo by Richard Heathcote/Getty Images)

ဦးဆောင်ဂိုးပေးလိုက်ရပြီးတဲ့နောက် ဘယ်လ်ဂျီယံအသင်း တိုက်စစ်မြှင့်ခဲ့ပေမယ့် အဓိက ကစားသမားတွေဖြစ်တဲ့ လူကာကူ၊ ဒီဘရိုင်းနဲ့ ဒိုကူတို့ ကစားအားကျနေခဲ့ပြီး ပြင်သစ်တို့ကလည်း တသင်းလုံး ပိတ်ဆို့ကစားခဲ့တဲ့အတွက် ဘယ်လ်ဂျီယံအသင်း ချေပဂိုးပြန်မသွင်းနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒီကနေ့ပွဲစဉ်အနိုင်ရတဲ့အတွက် ပြင်သစ်အသင်းဟာ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီနဲ့ ဆလိုဗေးနီးယားပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Photo – Euro 2024
#Ayeyarwaddy_Times #ယူရို၂၀၂၄