PRAGUE, CZECH REPUBLIC - JUNE 07: David Moyes, Manager of West Ham United, celebrates with their winners medal after the team's victory during the UEFA Europa Conference League 2022/23 final match between ACF Fiorentina and West Ham United FC at Eden Arena on June 07, 2023 in Prague, Czech Republic. (Photo by Richard Heathcote/Getty Images)

ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂ ရက်

ဒီကနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ ဂိုးသမား ဒီယေဂိုကော်စတာ ရှယ်လက်စွမ်းပြမှုနဲ့အတူ ဆလိုဗေးနီးယားကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်သွားခဲ့ပါတယ်။

ယူရိုပြိုင်ပွဲ အုပ်စုပွဲစဉ်အားလုံး သရေကစားခဲ့တဲ့ ဆလိုဗေးနီးယားအသင်းဟာ ဒီကနေ့ပွဲစဉ်မှာလည်း ပေါ်တူဂီကို သရေကစား ပယ်နယ်တီအထိဆွဲခေါ်ပြီး အနိုင်ယူမယ့်ဗျူဟာနဲ့ ပွဲကိုချဉ်းကပ်လာခဲ့ပါတယ်။

ဒါကြောင့် ဆလိုဗေးနီးယားဟာ ဂိုးမပေးရရေးအတွက် ကစားသမား ၈ ယောက်အထိ ခံစစ် ၂ ထပ် ပိတ်ဆို့ကစားခဲ့ပြီး ဘောလုံးရရှိချိန်မှာ တန်ပြန်တိုက်စစ်နဲ့ ပေါ်တူဂီကို ရင်ဆိုင်ကစားခဲ့ပါတယ်။

ဂန္ထဝင် တိုက်စစ်မှူးကြီး ရိုနယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းကတော့ တိုက်စစ်အားသန်တဲ့အသင်းပီပီ ဆလိုဗေးနီးယားကို တချိန်လုံး ထိုးဖောက်ဖို့ကြိုးစားပေးမယ့် ဆလိုဗေးနီးယားတို့က ခံစစ်ကို ကျစ်လစ်နေအောင် ပိတ်ဆို့ကစားခဲ့တဲ့အတွက် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။

PRAGUE, CZECH REPUBLIC – JUNE 07: David Moyes, Manager of West Ham United, celebrates with their winners medal after the team’s victory during the UEFA Europa Conference League 2022/23 final match between ACF Fiorentina and West Ham United FC at Eden Arena on June 07, 2023 in Prague, Czech Republic. (Photo by Richard Heathcote/Getty Images)

ဒီကနေ့ပွဲစဉ်မှာ ဆလိုဗေးနီးယား ဝါရင့်ဂိုးသမား အိုဘလက်ဟာ ရိုနယ်ဒိုရဲ့ ကန်ချက်တွေကို ကာကွယ်ခဲ့လို့ မိနစ် ၉၀ ပြည့်တဲ့အထိ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

အချိန်ပို ပထမပိုင်းမှာ ပေါ်တူဂီအသင်း ပယ်နယ်တီရခဲ့ပြီး ရိုနယ်ဒိုကန်သွင်းခဲ့ပေမယ့် ဂိုးသမား အိုဘလက် ပုတ်ထုတ်ကာကွယ်ခဲ့လို့ ပေါ်းတူဂီတို့ နစ်နာခဲ့ရပါတယ်။

ဂန္ထဝင်တိုက်စစ်မှူးကြီး ရိုနယ်ဒိုဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ၄ ပွဲကစားခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးမှ မသွင်းနိုင်သေးပါဘူး။ ဒီနေ့ပွဲစဉ်မှာ ပယ်နယ်တီဝင်ခဲ့ရင် ပထမဆုံးသွင်းဂိုးရမှာဖြစ်ပေမယ့် ဂိုးသမား အိုဘလက် လက်စွမ်းပြကာကွယ်ခဲ့လို့ အဲ့ဒီအခွင့်အရေး လွဲချော်ခဲ့ပါတယ်။

တဖက်မှာလည်း ပေါ်တူဂီနောက်ခံလူ ပီပီရဲ့အမှားကတဆင့် ရလာတဲ့ အပိုင်အခွင့်အရေးကို ဆလိုဗေးနီးယား တိုက်စစ်မှူး ဆက်ကို ကန်သွင်းခဲ့ရာမှာ ပေါ်တူဂီဂိုးသမား ကော်စတာ ကာကွယ်နိုင်ခဲ့ပါတယ်။

ဆလိုဗေးနီးယားဟာ ပေါ်တူဂီကိုတားဆီးဖို့ ခပ်ကြမ်းကြမ်း ဖြတ်ထုတ်ကစားမှုတွေကြောင့် ဒိုင်လူကြီးက အဝါကတ် ၅ ကတ်အထိ ပြခဲ့ရပြီး ပွဲချိန် ၁၀၅ မိနစ်မှာတော့ နည်းပြ မတ်ဂျတ်ကတ်ကိုပါ အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။

မိနစ် ၁၂၀ အထိ ဂိုးမရှိသရေကျနေတဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ်ကန်ရာမှာ ပေါ်တူဂီဂိုးသမား ကော်စတာဟာ ဆလိုဗေးနီးယားကစားသမား ၃ ယောက်ကန်တဲ့ ပယ်နယ်တီ ၃ လုံးစလုံးကို ထူးရှယ် လက်စွမ်းနဲ့ ပုတ်ထုတ် ကာကွယ်ခဲ့ပါတယ်။

ပေါ်တူဂီဘက်ကတော့ ရိုနယ်ဒို၊ ဘရူနို ဖာနန်ဒက်နဲ့ ဗာနာဒို ဆေးလ်ဗားတို့က ပယ်နယ်တီဝင်အောင် ကန်နိုင်ခဲ့တာကြောင့် ပေါ်တူဂီ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။

ပယ်နယ်တီ ၃ လုံးဆက်တိုက် ကာကွယ်ခဲ့တဲ့ ကော်စတာကတော့ ယူရိုပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံးသော ဂိုးသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ဆလိုဗေးနီးယားအသင်းကတော့ ယူရို ၂၀၂၄ မှာ ၄ ပွဲကစားရာမှာ ၄ ပွဲစလုံး သရေကန်ခဲ့ပြီး ကမ္ဘာ့ထိပ်သီး ပေါ်တူဂီ၊ အင်္ဂလန်စတဲ့အသင်းတွေကို အခက်တွေအောင် လုပ်ပြနိုင်ခဲ့တဲ့မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့ပါတယ်။

ဆလိုဗေးနီးယားကို ဖြုတ်ချခဲ့တဲ့ ပေါ်တူဂီဟာ ကွာတားဖိုင်နယ်မှာ ပြင်သစ်အသင်းနဲ့ ရင်ဆိုင်သွားရမှာမို့ ကမ္ဘာကျော် ကြယ်ပွင့်ကစားသမားတွေရဲ့ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုကို ပရိတ်သတ်တွေ မြင်တွေ့ရဖို့ ရှိနေပါတယ်။
Photo – Euro 2024
#Ayeyarwaddy_Times #Euro2024 #ပေါ်တူဂီ #ယူရို၂၀၂၄