ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်

စင်ကာပူက မြန်မာစစ်ကောင်စီ စစ်လက်နက်တွေ မဝယ်ယူနိုင်အောင် ဆက်လက်ကြိုးပမ်းမှာ ဖြစ်ပေမယ့် အရပ်သားတွေ ထိခိုက်စေမယ့် တရားဝင် ကုန်သွယ်မှုနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကိုတော့ ပိတ်ပင်မှာမဟုတ်ဖူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“စင်ကာပူနဲ့မြန်မာကြား တရားဝင် ကုန်သွယ်မှုနဲ့ ငွေကြေးဆိုင်ရာ ချိတ်ဆက်မှုက မြန်မာပြည်သူ တွေရဲ့ သက်မွေးဝမ်းကြောင်းကို ပံ့ပိုးကူညီဖို့ မရှိမဖြစ်လိုအပ်ပါတယ်” လို့ စင်ကာပူ နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာပြည်သူတွေအတွက် ပိုမို ခက်ခဲမှုဖြစ်စေမယ့် ပိတ်ဆို့မှုတွေကို စင်ကာပူက ဂရုတစိုက်နဲ့ ရှောင်ကြဉ်ခဲ့ပါတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ တွမ်အန်ဒရူးရဲ့ ဇွန်လ ၂၆ ရက်က အစီရင်ခံစာတစ်ခု ထုတ်ပြန်ပြီးနောက် မီဒီယာတွေရဲ့မေးမြန်းမှုကို ထုတ်ပြန်ချက်က တုံ့ပြန်တာဖြစ်ပါတယ်။

စင်ကာပူရဲ့မူဝါဒက မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ လွှဲပြောင်းပေးမှုကို ဟန့်တားဖို့နဲ့ လက် နက်မဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုနေတဲ့ ကိရိယာတွေ မလွှဲ ပြောင်းပေးဖို့ ဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အထူးအစီရင်ခံစာတင်ပြသူ တွမ်အန်ဒရူးရဲ့ တွေ့ရှိချက်တွေဟာ စင်ကာပူငွေကြေးအဖွဲ့အစည်း က သတ်မှတ်ထားတဲ့ အစီအမံတွေမှတစ်ဆင့် စင်ကာပူရဲ့ မူဝါဒထိရောက်မှုကို မီးမောင်းထိုးပြနေတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ ရောင်းချမှုနဲ့ လွှဲပြောင်းပေးမှုအတွက် ငွေကြေးလွှဲပြောင်း ပေးမှုကို ငွေကြေးအဖွဲ့အစည်းတွေက ဆောင်ရွက်ပေးမှာမဟုတ်သလို မြန်မာကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ငွေကြေးလွှဲပြောင်းမှုကို ဘဏ်တွေက မှန်ကန်အောင်ကြိုးပမ်းနေတယ်လို့ ဝန်ကြီးဌာနက ပြော ပါတယ်။

ကိုးကား – The Straits Times
Ref; Singapore will stop arms transfers without blocking legitimate trade with Myanmar: MFA

#Ayeyarwaddy_Times