
ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
ရုရှားနိုင်ငံက နျူကလီးယားလက်နက်တွေ သယ်ဆောင်နိုင်တဲ့ တာတိုနဲ့ တာလတ်ဒုံးကျည်တွေ ထုတ်လုပ်မှု ပြန်လည်စတင်ကာ ဘယ်နေရာမှာ ဖြန့်ကြက်မယ်ဆိုတာကို စဉ်းစားမယ်လို့ သမ္မတ ဗလာဒီ မာပူတင်က ပြောပါတယ်။
ရုရှားက ဒုံးကျည်ထုတ်လုပ်မှု စတင်ဖို့လိုအပ်ကာ တိုင်းပြည်လုံခြုံရေးအတွက် ဘယ်နေရာမှာ ဖြန့်ကြက်မယ်ဆိုတာကို ဆုံးဖြတ်ရမယ်လို့ ရုရှား လုံခြုံရေးကောင်စီနဲ့ အွန်လိုင်းအစည်းအဝေးမှာ သူက ပြောပါတယ်။
ထိုအစီအစဉ်ဟာ စစ်ရေးလေ့ကျင့်မှုတွေအတွက် ဒိန်းမတ်အပါအဝင် တိုင်းပြည်အချို့သို့ အဆိုပါ ဒုံးကျည်တွေ ယူဆောင်လာခဲ့တဲ့ အမေရိကန်နိုင်ငံကို တန်ပြန်မယ့်အစီအမံတစ်ခုလို့ ၎င်းက ရှင်းပြပါ တယ်။
“အနောက်နိုင်ငံတွေရဲ့ ယူကရိန်းသို့ စစ်ရေးအကူအညီပေးတာကို ဟန့်တားဖို့ရည်ရွယ်ပြီး ပူတင် က သူ့ရဲ့ထိန်းချုပ်မှု ထင်ဟပ်စေဖို့ စစ်ရေးလေ့ကျင့်မှုတွေကို အသုံးချဖွယ်ရှိနေတယ်” လို့ The Institute for the Study of War က ပြောပါတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းသို့ စစ်လက်နက်တွေ မထောက်ပံ့နိုင်ရေး တွန်းအားပေးဖို့ တင်း ပြည့်ကျူးကျော်မှုမှတစ်ဆင့် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား နျူကလီးယား ထိပ်တိုက်တွေ့ဆုံမှုကို ရု ရှားသမ္မတရုံးက မှီငြမ်းခဲ့တယ်” လို့ The Institute for the Study of War က ဆိုပါတယ်။
တာလတ်နျူကလီးယားတပ်ဖွဲ့စာချုပ်အရ အမေရိကန်နဲ့ရုရှားဟာ ကီလိုမီတာ ၅၀၀ မှ ၅၅၀၀ အ ထိ ရောက်ရှိနိုင်တဲ့ မြေပြင်အခြေပြုဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေ မပိုင်ဆိုင်၊ မထုတ်လုပ် သို့မဟုတ် မ စမ်းသပ်ဖို့ သဘောတူခဲ့ပါတယ်။
အဆိုပါစာချုပ်ဟာ ၂၀၁၉ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ အမေရိကန်နိုင်ငံက တာလတ် ဒုံးကျည်တွေ မဖြန့်ကြက်ရင် ရုရှားကလည်း အဆိုပါဒုံးကျည်တွေ မထုတ်လုပ်ဖူးလို့ မော်စကိုက ပြော ကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Putin indicates resumption of short- and intermediate-range missile production
#Ayeyarwaddy_Times