
ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
ထိုင်း ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (CCIB) ဟာ ဇွန်လ ၂၈ ရက်က သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ ချင်းမိုင်မြို့က လုံးချင်းအိမ်တစလုံးမှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နဲ့မြန် မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးမိကြောင်း ကြေညာလိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ တရုတ်ကျားဖြန့်လုပ်ကိုင်သူတစ်ဉီးကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရာမှ ချင်းမိုင်မြို့မှာ ကျားဖြန့်လုပ်ကိုင်နေသူတွေကို ဖော်ထုတ်နိုင်ခဲ့တာလို့ ဖမ်းဆီးမှုမှာပါဝင်တဲ့ ရဲအရာရှိတစ် ဉီးက ပြောပါတယ်။
စီးနင်းမှုအတွင်း သက်ဆိုင်ရာအေဂျင်စီတွေက ကျားဖြန့်ကွန်ရက်နဲ့ ကျားဖြန့်လုပ်ကိုင်သူတွေရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးပြီး စောင့်ကြည့်ခဲ့ပါတယ်။
ခြံစည်းရိုးတွေ၊ CCTV တွေ တပ်ဆင်ထားတဲ့ လုံးချင်းအိမ်မှာ နိုင်ငံခြားသားတစ်ဒါဇင်ကျော် နေ ထိုင်ပြီး ရဲတပ်ဖွဲ့ဟာ အထောက်အထားတွေ စုဆောင်းကာ ချင်းမိုင်တရားရုံးမှ ရှာဖွေဝရမ်းနဲ့ စီးနင်းခဲ့ တာဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ တရုတ်နိုင်ငံသား ၇ ဦးနဲ့ မြန်မာနိုင်ငံသား ၆ ဦးကို တွေ့ရှိကာ မိုဘိုင်းဖုန်း ၉၄ လုံး၊ လက်တော့ ၈ လုံးနဲ့ အခြားဆက်သွယ်ရေးကိရိယာတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
ကျားဖြန့်လုပ်ကိုင်သူတွေဟာ တရုတ်နိုင်ငံသားတွေကို ရေရှည် ရင်းနှီးမြှပ်နှံမှုနဲ့ အာမခံသက် တမ်းတိုးရေး လိမ်လည်ဖို့ လုံးချင်းအိမ်မှာ စုဝေးခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးမှုတွေက ဆိုပါတယ်။
အဆိုပါအဖွဲ့ဟာ တစ်ရက်လျင် လူ ၁၀ ဦးကို အွန်လိုင်းမှတစ်ဆင့် လိမ်လည်ရပြီး ဘတ်တစ်သန်း ကျော် ဝင်ငွေရရှိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ကျားဖြန့်လုပ်ကိုင်သူတွေကို နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုမှာ ပါဝင်မှု၊ လျှို့ဝှက်အဖွဲ့အစည်း ဖွဲ့စည်း မှု၊ ပြည်သူကိုလိမ်လည်မှုနဲ့ စွဲချက်တင်ထားပါတယ်။
ကျားဖြန့်လုပ်ကိုင်သူလို့ သံသယရှိသူတွေရဲ့ အမည်တွေကိုတော့ ထိုင်းမီဒီယာတွေကို မထုတ်ပြန် ခဲ့ပါဘူး။
ကိုးကား – The Pattaya News
Ref; Thai Authorities Arrest 13 Foreign Call Center Scammers in Major Chiang Mai Bust
#Ayeyarwaddy_Time