ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နံ့သာရွာစခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦး သေဆုံးကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၂၈ရက် နံနက် ၄နာရီအချိန်က အင်းတော်မြို့နယ် နံ့သာရွာတွင် အခြေချနေသော ဗိုလ်ကြီး ပြုံးမောင်မောင် ဦးစီးသည့် စစ်ကောင်စီ၏တပ်မ-၇၇ လက်အောက်ခံ ခလရ-၆ ကို ကသာခရိုင်တပ်ရင်းများနှင့် KIAတို့ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမှတ် ၁စစ်ဒေသကထုတ်ပြန်သည်။

နံနက် ၄နာရီမှစ၍ ကသာခရိုင် တပ်ရင်း-၂၊ EAOs (KIA) နှင့် အင်းတော်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ နံ့သာရွာရှိစစ်ကောင်စီစခန်းကိုတိုက်ခိုက်ရာ နံနက် ၁၀နာရီအချိန်တွင် စခန်းသိမ်းနိုင်ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ပြုံးမောင်မောင်အပါ အဝင် (၁၄) ဦး သေဆုံးကာ အလောင်းပါရရှိပြီး စခန်းကို သိမ်းဆည်းရမိကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် လက်နက်မျိုးစုံ (၂၀) လက်၊ ဒရုန်းဖြတ်လက်နက် (၁) လက်၊ ကျည်မျိုးစုံ (၈၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ မိုင်းမျိုးစုံ (၁၅) လုံး၊ ကျည်အိမ်မျိုးစုံ (၄၁) ခု၊ ဆက်သွယ်ရေးစက် (၁၂) လုံး၊ ကြားဖြတ်စက် (၁) လုံး၊ Power Station (၁) လုံး၊ ဦးထုပ် (၁၁) ခု၊ ဆန်အိတ် (၄၁) အိတ် သိမ်းဆည်းရမိ‌ကြောင်း အမှတ် ၁စစ်ဒေသက ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားနေစဥ်တွင် စစ်ကောင်စီ၏ တံတားဦးမှ တက်လာသော ဂျက်
တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် နှစ်ဦး
မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရ ခဲ့‌ကြောင်း သိရသည်။

ပုံစာ- နံ့သာရွာစခန်းမှ သိမ်းဆည်းရမိသည့်လက်နက်များ

#အင်းတော် #နံ့သာရွာ #စစ်ကောင်စီ #ဗိုလ်ကြီး #၁၄ဦးသေဆုံး #Ayeyarwaddy_Times