ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာသစ်မှာ ဖော် ပြထားတဲ့အတိုင်း အာဏာသိမ်းစစ်ကောင်စီထံ လေယာဉ်ဆီလွှဲပြောင်းပေးမှု ပိတ်ပင်တားဆီးဖို့ အမေရိ ကန်နိုင်ငံက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အပြင်းအထန် တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က စစ်လက်နက်တွေ ဝယ်ယူရာမှာ အကူအညီပေးနေတဲ့ ဘဏ်တွေကို ဖော်ထုတ် ခဲ့တဲ့ အစီရင်ခံစာပါ တွေ့ရှိချက်ကို အမေရိကန်နိုင်ငံက ကြိုဆိုတယ်လို့ သံအမတ်ကြီး လင်ဒါသောမတ်ဂ ရင်းဖီးရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူ ၃ သန်းနီးပါး အိုးအိမ်စွန့်ခွာခဲ့ရပြီး ၃၀၀၀၀၀ ခန့် အိမ်နီးချင်းတိုင်းပြည်တွေမှာ ခိုလှုံနေရကာ ဒေသတွင်း တည်ငြိမ်မှုနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပါ တယ်။

အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေတိုးလာတာ၊ လူသားဒိုင်းကာ အသုံးပြုတာနဲ့ ရခိုင်ပြည် နယ်က စစ်ဘေးရှောင်စခန်းတွေအနီးမှာ မြေမြှပ်မိုင်းတွေ အသုံးပြုတဲ့သတင်းတွေကို အမေရိကန်နိုင်ငံ က အလွန်အမင်း စိုးရိမ်တယ်လို့ ၎င်းက ဆိုပါတယ်။

အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေး ငြိမ်းချမ်းသောအဖြေရှာဖို့ ကြိုးပမ်းမှုတွေကို အမေရိကန်နိုင်ငံက ထောက်ခံပြီး ပဋိပက္ခဖြေရှင်းရေး ဖြစ်နိုင်ဖွယ်ရာနည်းလမ်းအားလုံး အသုံးပြုဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ လိုအပ်ပုံကို ၎င်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်တာ ကာကွယ်ပေးဖို့၊ စစ်တပ် ထံ စစ်လက်နက်နဲ့ လေယာဉ်ဆီလွှဲပြောင်းပေးမှု ရပ်တန့်ဖို့နဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ စစ်ကောင် စီက ကတိကဝတ်တွေကို စောင့်ထိန်းရေး အမေရိကန်နိုင်ငံက မဟာမိတ်တွေ၊ ဒေသတွင်းမိတ်ဖက်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ သူက ပြောပါတယ်။

ကိုးကား – https://usun.usmission.gov
Ref; Statement by Ambassador Linda Thomas-Greenfield Reiterating Call for Restricting Flow of Jet Fuel to Burma Military Regime Following UN Report

#Ayeuarwaddy_Times