ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

ယူကရိန်းနိုင်ငံက မိတ်ဖက်တိုင်းပြည်တွေနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ လုံခြုံရေးဆိုင်ရာ သဘောတူ ညီချက် ၂၀ ထဲမှာ ဖော်ပြထားတဲ့ စစ်ရေးအကူအညီ ကတိကဝတ်ဟာ လာမယ့် ၄ နှစ်အတွက် နှစ်စဉ် ဒေါ်လာ ၆၀ ဘီလီယံရှိတယ်လို့ ယူကရိန်းဝန်ကြီးချုပ် ဒင်းနစ်ရှမီဟဲလ်က ပြောပါတယ်။

၂၈ လကြာ ရုရှားရဲ့ တင်းပြည့် ကျူးကျော်မှုကို တွန်းလှန်နေရတဲ့ ယူကရိန်းနိုင်ငံဟာ မဟာမိတ် တွေရဲ့ စစ်ရေးအကူအညီကို များစွာ မှီခိုနေရပါတယ်။

ဥရောပသမဂ္ဂ။ အမေရိကန်တို့နဲ့ ၁၀ နှစ်ကြာ သဘောတူညီချက်တွေမှာ အနာဂတ်မှာ ရုရှားက ထပ်မံ တိုက်ခိုက်လာရင် ရေရှည် စစ်ရေးအကူအညီနဲ့ အခြား ပံ့ပိုးမှုတွေ ထောက်ပံ့ပေးဖို့ ကတိကဝတ် တွေ ပြုထားပါတယ်။

“သဘောတူညီချက်တွေအရ လာမယ့် ၄ နှစ်အတွင်း ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေက ယူကရိန်း နိုင်ငံကို နှစ်စဉ် ဒေါ်လာ ၆၀ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မှာဖြစ်ပါတယ်” လို့ အစိုးရ အဖွဲ့ အစည်းအဝေးမှာ ဒင်းနစ်ရှမီဟဲလ်က ဆိုပါတယ်။

မည်သည့်တိုင်းပြည်မှ ငွေကြေးထောက်ပံ့မှု အရင်းအမြစ်တွေရရှိမယ်ဆိုတာကိုတော့ သူက အ သေးစိတ် မပြောကြားခဲ့ပါဘူး။

အဆိုပါ သဘောတူညီချက်တွေကို နှစ်ဦးနှစ်ဘက် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အခြေခံအား ဖြင့် ပါဝင်တဲ့အကြောင်းအရာတွေလည်း မတူညီပါဘူး။

ဦးပမာ ဗြိတိန်နိုင်ငံနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ပထမ သဘောတူညီချက်ပါ စာသားမှာ ဗြိတိန်က ယူကရိန်းသို့ စတာလင်ပေါင် ၂ ဒသမ ၅ ဘီလီယံ ထပ်မံ ထောက်ပံ့မယ်လို့ ပါရှိပါတယ်။

သဘောတူညီချက်အရ အက်စတိုနီးယားနိုင်ငံက ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ယူကရိန်းသို့ စစ် ရေးအကူအညီပေးဖို့ နှစ်စဉ် GDP ရဲ့ သုည ဒသမ ၂၅ ရာခိုင်နှုန်းထက်မနည်း ခွဲဝေသတ်မှတ်ဖို့ သတ် မှတ်ထားပါတယ်။

ကိုးကား – Reuters
Ref; Annual allied military aid $60 billion for next four years, says Ukraine PM

#Ayeyarwaddy_Times