ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

ရှမ်းမြောက် တအာင်းတပ်မဟာ ၂ စစ်ဒေသ၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် တပ်မဟာ ၃ စစ် ဒေသ မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားရာ ၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦး လက်နက် ချအလင်းဝင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့်အပါအဝင် တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး ညီနောင်မဟာမိတ်တပ်ဖွဲ့ထံ လက်နက်ချအလင်းဝင်ခဲ့ ကြောင်း ယနေ့ ဇွန် ၂၉ ရက်နေ့တွင် TNLA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့၏ ၅ ရက်တာကာလ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး တစ်ဦးအပါအဝင် ဗိုလ်ကြီး လေး ဦး၊ ရဲအုပ် တစ် ဦး၊ တပ် ကြပ်ကြီး ခြောက် ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း)တစ် ဦး၊ တပ် ကြပ် ၁၁ ဦး၊ ဒုတပ်ကြပ် ကိုး ဦး၊ ရဲတပ်သား တစ် ဦးနှင့် စစ်ကောင်စီတပ်သား ၁၉ ဦး၊ စုစုပေါင်းတပ်ဖွဲ့ဝင် ၅၃ ဦးတို့ တအာင်းတပ်မတော် TNLA ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၆ ရက်နေ့ကလည်း နောင်ချိုမြို့ ကံ့ ကော်တပ်စခန်းနှင့် အခြားတပ်စခန်းများမှ လက်နက် မျိုးစုံ ၅၀ ကျော်သိမ်းဆည်းရမိထားပြီး စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၁၇ ဦး TNLA ထံ လက်နက်ချအလင်းဝင်ခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့တို့သည် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့်၊ မိုးမိတ်မြို့ နယ်တို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လားရှိုး မြို့နယ်၌လည်း MNDAA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

#ရှမ်းမြောက် #တိုက်ပွဲ #စစ်ကောင်စီဗိုလ်မှူး #အပါအဝင် #၅၃ဦးအလင်းဝင် #TNLA #Ayeyarwaddy_Times