
ဧရာ၀တီတိုင်းမ်
ဇွန် ၃၀ ရက်
ဒီကနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဆွဇ်ဇာလန်အသင်းဟာ လက်ရှိချန်ပီယံ အီတလီကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။
ဆွဇ်ဇာလန်အတွက် အဖွင့်ဂိုးကို ကွင်းလယ်လူ ဖရူလာက ဘောလုံးကို ညာခြေနဲ့ထိန်း၊ ဘယ်ခြေနဲ့ လှလှပပ ကန်သွင်းယူခဲ့ပါတယ်။ ဒုတိယမြောက်ဦးဆောင်ဂိုးကို ဒုတိယပိုင်းပွဲချိန် ၄၆ မိနစ်မှာ တိုက်စစ်မှူး ဗားဂက်စ်က ဘယ်ခြမ်းကနေ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို လှပသေသပ်စွာ ကန်သွင်းယူခဲ့ပါတယ်။

အီတလီတို့ ချေပဂိုးရဖို့ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် ဆွဇ်ဇာလန်အသင်းက ခံစစ်ကို စနစ်တကျ ပိတ်ဆို့ ကစားခဲ့တာကြောင့် ဂိုးသွင်းဖို့အခွင့်အရေးမရခဲ့ဘဲ ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ရှုံးနိမ့်ထွက်ခွာခဲ့ရပါတယ်။
အီတလီဟာ Euro 2020 မှာ အင်္ဂလန်ကို ပယ်နယ်တီနဲ့အနိုင်ယူ ဗိုလ်စွဲခဲ့တဲ့ လက်ရှိယူရို ချန်ပီယံအသင်း ဖြစ်ပါတယ်။
လက်ရှိချန်ပီယံ အီတလီကို အိမ်ပြန်ပို့ခဲ့တဲ့ ဆွဇ်ဇာလန်အသင်းဟာ ကွာတားဖိုင်နယ်မှာ အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားပွဲစဉ်က အနိုင်ရရှိတဲ့အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
Photo – Euro 2024
#Ayeyarwaddy_Times #Euro2024