
PRAGUE, CZECH REPUBLIC - JUNE 07: David Moyes, Manager of West Ham United, celebrates with their winners medal after the team's victory during the UEFA Europa Conference League 2022/23 final match between ACF Fiorentina and West Ham United FC at Eden Arena on June 07, 2023 in Prague, Czech Republic. (Photo by Richard Heathcote/Getty Images)
ဧရာ၀တီတိုင်းမ်
ဇွန် ၃၀ ရက်
ဒီကနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ အိမ်ရှင် ဂျာမနီအသင်းဟာ ကစားပုံမာကျောပါတယ်ဆိုတဲ့ ဒိန်းမတ်အသင်းကို ၂ ဂိုးပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။
ပထမပိုင်းမှာ ၂ သင်းစလုံး ကစားကွက်အသာစီးရဖို့ ထိုးဖောက်ခဲ့ကြပေမယ့် ဂိုးသမားနဲ့ နောက်တန်းတွေ ကောင်းနေခဲ့တာကြောင့် ဂိုးမရှိသရေကျခဲ့သလို ရာသီဥတုဆိုးရွားမှုကြောင့် ပွဲကိုလည်း ခေတ္တရပ်နား ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ ဒိန်းမတ်အသင်းရတဲ့ဂိုးကို လူကျွံဘောအဖြစ် ဒိုင်တွေကသတ်မှတ်ခဲ့လို့ ဒိန်းမတ်တို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၅၉ မိနစ်မှာ ဒိန်းမတ်နောက်တန်း လက်ထိခဲ့လို့ ဂျာမနီ ပယ်နယ်တီရခဲ့ပြီး အဲဒီ ပယ်နယ်တီကို တိုက်စစ်မှူး ဟားဗက်ဇ်က အမှားအယွင်းမရှိကန်သွင်းခဲ့လို့ ဂျာမနီဦးဆောင်ဂိုး ရခဲ့ပါတယ်။
ဦးဆောင်ဂိုးပေးလိုက်ရလို့ ဒိန်းမတ်တို့ တိုက်စစ်မြှင့်ကစားခဲ့ပြီး တိုက်စစ်မှူး ဟွိုက်လန်းကန်ချက်ကို ဂျာမနီ ဂိုးသမား နူအာကာကွယ်နိုင်ခဲ့လို့ ဒိန်းမတ်တို့ ဂိုးရမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။ ဂျာမနီဘက်ကလည်း တိုက်စစ်မှူး ဟားဗက်ဇ်ရတဲ့အပိုင်အခွင့်အရေး ဘေးချော်ခဲ့လို့ နစ်နာခဲ့ပါတယ်။
ပွဲချိန် ၆၈ မိနစ်မှာ နောက်တန်းကတင်ပေးလိုက်တဲ့ဘောလုံးကို တောင်ပံကစားသမား မူစီယာလာက သေသပ်စွာ အဆုံးသတ်ပြီး ဂျာမနီအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒိန်းမတ်အသင်းဟာ အသည်းကောင်းကောင်း၊ ဇွဲကောင်းကောင်းနဲ့ မာမာထန်ထန် ယှဉ်ပြိုင်ကစားခဲ့ပေမယ့် မထင်မှတ်ဘဲ ဖြစ်ပွားခဲ့တဲ့ နောက်တန်းအမှား၊ ဂိုးသမားအမှားတွေကနေ ဂိုးတွေပေးခဲ့ရတာကြောင့် အိမ်ရှင် ဂျာမနီကို ရှုံးနိမ့်ခဲ့ပြီး အိမ်ပြန်ခဲ့ရပါတယ်။
ဂျာမနီအသင်းကတော့ ကွာတားဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့ပြီး တဖက်မှာ စပိန်နဲ့ ဂျော်ဂျီယာပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ဗိုလ်စွဲဖို့ရေပန်းစားနေပြီး လက်ရှိ ယူရို ၂၀၂၄ မှာ ခြေစွမ်းပြနေတဲ့စပိန်အသင်းဟာ ဂျော်ဂျီယာကို အနိုင်ယူ ကျော်ဖြတ်လာခဲ့ရင် ကွာတားဖိုင်နယ်မှာ အိမ်ရှင်ဂျာမနီနဲ့ ရှယ်ခြေစွမ်းနဲ့လန်းနေတဲ့စပိန်အသင်းတို့ရဲ့ ပွဲကြီးပွဲကောင်းကို မြင်တွေ့ရဖွယ်ရှိပါတယ်။
Photo – Euro 2024
#Ayeyarwaddy_Times #Euro2024