ဧရာဝတီတိုင်းမ်
ဇွန်လ ၂၈ ရက်

အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် Dr Kao Kim Hourn ဟာ ဇွန်လ ၂၇ ရက်က ဂျကာတာမြို့ တော်ရှိ အာဆီယံရုံးချုပ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘီးရှော့ပ်နဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံမှုအတွင်း ၎င်းတို့နှစ်ဦးဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ဆောင်ရေးကို ထောက်ခံတာ အပါအဝင် အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ ဒေသတွင်း ကြိုးပမ်းမှုတွေအ ပေါ် အမြင်ခြင်း ဖလှယ်ခဲ့ကြပါတယ်။

မြန်မာပြည်သူတွေထံ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှု တွေကိုလည်း ၎င်းတို့နှစ်ဦးက အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဩစ တြေးလျ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဂျူလီဘီးရှော့ပ်ကို ဧပြီလ ၅ ရက်မှာ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

စနေနေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ရိက္ခာဂိုထောင် လုယက်၊ မီးရှို့တာကို ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ် (WFP) က ရှုတ်ချခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေကို လေးစားသမှုရှိဖို့နဲ့ အကူအညီလိုအပ်သူတွေထံ မရှိမဖြစ် အထောက်အပံ့တွေ ပေးအပ်ရာမှာ ဘေးအန္တရာယ်ကင်းစွာ ပေးအပ်နိုင်ရေး လုပ်ဆောင်ကြဖို့ အ ဖွဲ့အစည်းအားလုံးကို WFP က တိုက်တွန်းခဲ့ပါတယ်။

WFP ရဲ့ ရိက္ခာဂိုထောင်မှာ လူပေါင်း ၆၄၀၀၀ ဉီးကို တစ်လကြာအောင် ကျွေးမွေးနိုင်မယ့် စားနပ် ရိက္ခာ ၁၁၇၅ မစ်ထရစ်တန် ထားရှိတယ်လို့ သိရပါတယ်။

WFP ဟာ ဒီနှစ်အတွင်း မြန်မာနိုင်ငံရှိ ပဋိပက္ခဘေးသင့်ပြည်သူ တစ်သန်းနီးပါးကို အရေးပေါ် အ ကူအညီတွေ ထောက်ပံ့ပေးခဲ့ပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံဟာ ပဋိပက္ခဖြစ်ပွားနေ တာပါ။

ကိုးကား – Bernama
Ref; ASEAN Sec-Gen discusses Myanmar crisis with UN Special Envoy

#Ayeyarwaddy_Times