
ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်
စစ်ဖြစ်လာရင် အချင်းချင်း ကူညီပေးရမယ်ဆိုတဲ့ သဘောတူညီချက်တစ်ရပ်ကို ရုရှားနဲ့ မြောက် ကိုရီးယားက လက်မှတ်ရေးထိုးပြီးနောက် အရေးပါသော မူဝါဒအပြောင်းအလဲတစ်ခုအဖြစ် ယူကရိန်းသို့ စစ်လက်နက်တွေ ပေးပို့ဖို့ စဉ်းစားမယ်လို့ တောင်ကိုရီးယားနိုင်ငံက ဇွန်လ ၂၇ ရက်မှာ ပြောကြားခဲ့ပါ တယ်။
စစ်အေးကာလနောက်ပိုင်း မော်စကိုနဲ့ပြုံယမ်းကြား အားအကောင်းဆုံး ဆက်ဆံမှုဖြစ်စေနိုင် တယ်လို့ လေ့လာသူတွေက ပြောတဲ့ သဘောတူညီချက် အသေးစိတ်ကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီ ယာက ဖော်ပြပြီးနောက် တောင်ကိုရီးယားသမ္မတရုံး အကြီးတန်း တာဝန်ရှိသူတစ်ဦးက အခုလို မှတ် ချက်ပြုခဲ့တာပါ။
မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA ရဲ့ ဖော်ပြချက်အရ တစ်နိုင်ငံ ကျူးကျော်ခံရရင် အခြားနိုင်ငံက နှောင့်နှေးမှုမရှိ စစ်ရေးအကူအညီပေးရမှာဖြစ်ပေမယ့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ပိုင်ခွင့်ကို အသိအမှတ်ပြုတဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ၅၁ နဲ့အညီ ဖြစ်ရ မယ်လို့ သဘောတူညီချက်က ဖော်ပြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က သဘောတူညီ ချက်ကို ပြုံယမ်းမြို့တော်မှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးခဲ့တာပါ။
တောင်ကိုရီးယားသမ္မတရုံးက အဆိုပါသဘောတူညီချက်ကို ရှုတ်ချခဲ့ပြီး တိုင်းပြည်လုံခြုံရေးအ တွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး တောင်ကိုရီးယားရဲ့ ရုရှားနဲ့ဆက်ဆံရေးမှာ အပျက်သဘောဆောင်သော အကျိုးဆက်တွေ ရှိလာနိုင် တယ်လို့ သတိပေးခဲ့ပါတယ်။
ရုရှားရဲ့ တင်းပြည့်ကျူးကျော်မှုကို ကူညီတိုက်ခိုက်ပေးဖို့ ယူကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့ဖို့ကိစ္စရပ်ကို တောင်ကိုရီးယားက စဉ်းစားမယ်လို့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံ ပေး ချန်ဟိုဂျင်က ပြောပါတယ်။
ယူကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့မယ်ဆိုရင် တောင်ကိုရီးယားအတွက် အမှားကြီးတစ်ခု ဖြစ်လာမယ်လို့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က သတင်းထောက် တွေကို ပြောပါတယ်။
တောင်ကိုရီးယားက ယူကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့ရင် တောင်ကိုရီးယား လက်ရှိ ခေါင်းဆောင်ပိုင်း မနှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာနိုင်တယ်လို့ ၎င်းက သတိပေးခဲ့ပါတယ်။
ကိုးကား – VOA
Ref; South Korea will consider supplying arms to Ukraine after Russia, North Korea sign strategic pact
#Ayeyarwaddy_Times