ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ကျန်ရှိနေသည့် ခမရ ၁၁၄ တပ်ရင်းကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ် ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၂၇ ရက် ည ၉ နာရီအချိန်ခန့်တွင် နောင် ချိုမြို့အနောက်ဘက် ၁ မိုင်ကအကွာခန့်က ခမရ ၁၁၄ တပ်ရင်းကို TNLA နှင့်ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီက ယမန်နေ့ ၂၇ ရက်နေ့က သိမ်းပိုက်ခံ လိုက်ရသည့် ဒုံးတပ်ရင်း ဒတရ ၆၀၆ နေရာသို့ ဂျက် ဖိုက်တာနှင့် Y 12 လေယာဉ်များသုံး၍ ဗုံးများကြဲချခဲ့ ကြောင်း သိရသည်။

“လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းတုန်းက လေယာဉ်ပစ်လက်နက် Manpad တွေပါ ရသွားတယ်။ ဘယ်နှစ်လက်ရတယ် ဆိုတာတော့ မထုတ်ပြန်သေးဘူး။ ဒီနေ့မနက် ၈ နာရီ လောက်ကတည်းက အသိမ်းခံရတဲ့ ဒုံးတပ်ရင်းနားကို စကစက လေယာဉ်နဲ့ပတ်ပြီး ဗုံးကြဲနေတာ။ အသိမ်း ခံရတဲ့ ဒုံးတပ်ရင်းထဲကနေ ပြန်ပစ်တယ်လို့လည်း ကြားတယ်။ TNLA ဘက်ကတော့ ၂၇ ရက်နေ့က တည်းက ဒုံးတပ်ရင်းကို သိမ်းထားပြီးပြီးလို့ ထုတ်ပြန်ထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ သိမ်းဆည်းခံရသည့် ခမရ ၁၁၄ တပ်ရင်းသည် ပြီးခဲ့သည့် ဇွန် ၂၆ ရက်နေ့က သိမ်းဆည်းခံခဲ့ရသည့် ခမရ ၁၁၅ မှ တပ်ရင်းတပ်ဖွဲ့များနှင့် တွံတေးအခြေစိုက် ခလရ ၇၀ တို့မှ တပ်သားများ ပူးပေါင်းခံ စစ်ပြင်နေသည့် တပ်ရင်းတစ်ခုဖြစ်သည်။

ယင်း ခမရ ၁၁၄ ကို တိုက်ခိုက်စဉ်တွင် TNLA တပ်များက ခမရ ၁၁၅ မှ သိမ်းယူရရှိထားသည့် လက်နက် မျိုးစုံကိုသုံး၍ ပစ်ခတ်တိုက်ခိုက် သိမ်းယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယနေ့တွင် ခမရ ၁၁၅ မှ သိမ်းဆည်းရမိထားသည့် လက်နက်မျိုးစုံနှင့် ကျည်မျိုးစုံ၊ ဗုံးသီး၊ မိုင်းများကို TNLA က ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် ယမန်နေ့ညပိုင်းအချိန်တွင် TNLA တပ်ဖွဲ့က နောင်ချိုမြို့နယ် မြို့မရဲစခန်းအတွင်းမှ ပီနံအိတ်၊ ကတ္ထူစက္ကူပုံများဖြင့် သိုလှောင်ထားသည့် ရာမမူးယစ် ဆေးဝါးများကို တွေ့ရှိခဲ့သည့်ပုံများကိုလည်း ထုတ်ပြန်ထားသည်။

ပုံစာ-ခမရ ၁၁၅ တပ်ရင်းမှ သိမ်းဆည်းရမိထားသည့် လက်နက်များပုံနှင့် နောင်ချိုမြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါးများ

##ရှမ်းမြောက် #နောင်ချို #စစ်ကောင်စီ #ခမရ ၁၁၄ #TNLA #MDY-PDF #ပူးပေါင်း သိမ်းပိုက်
#Ayeyarwaddy_Times