ဧရာဝတီတိုင်းမ်
ဇွန်၂၈ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင်ဇွန်လ ၂၅နှင့်၂၆ နှစ်ရက်အတွင်း မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်သောကြောင့် လူနေအိမ် လေးလုံးပြိုကျပျက်စီး ဆုံးရှုံးခဲ့ကြောင်းဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှသိရှိရသည်။

“စာရင်းအရတော့ နေအိမ်(၄)လုံးစလုံးပျက်စီးသွားတယ် လေဘေးကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘူး”ဟုဧရာဝတီတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာနက၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြိုကျပျက်စီးသွားသော နေအိမ်လေးလုံးမှာသာပေါင်းမြို့နယ် ဌက်စံကျွန်းကျေးရွာနှင့် ထန်းဇင်လှကျေးရွာတို့တွင် လေပြင်းဒဏ်ကြောင့် လုံး၀ပျက်စီးသွားပြီး နေအိမ်များတွင်နေထိုင်စုစုပေါင်း (၁၇)ဦးကို လက်ရှိတွင်ကျေးရွာအုပ်ချုပ်ရေးမှ ယာယီနေထိုင်ရန်စီစဥ်ပေးထားကြောင်းသိရှိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် အချို့တွင်ပြီးခဲ့သည့် မေလ အတွင်းမိုးသည်းထန်စွာရွာပြီးလေပြင်းတိုက်သောကြောင့်လူနေအိမ်၃၉လုံး၊စာသင်ကျောင်းတစ်ကျောင်း၊ဘုန်းကြီးကျောင်း နှစ်ကျောင်းပြိုကျပျက်စီး ဆုံးရှုံးခဲ့ကြောင်းဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှတ်တမ်းများအရသိရှိရသည်။

#သာပေါင်းမြို့ #နှစ်ရက်အတွင်း #လေပြင်းတိုက် #လူနေအိမ်၄လုံး #ထိခိုက်ပျက်စီး #Ayeyarwaddy_Times