ဧရာ၀တီတိုင်းမ်
ဇွန်လ ၂၇ ရက်

မြန်မာပရိတ်သတ်တို့ရဲ့အချစ်တော် MMA ဖိုက်တာကြီး အောင်လအန်ဆန်းဟာ လာမယ့်စက်တင်ဘာလမှာ အာဒိုဂန်နဲ့ အမေရိကန်နိုင်မှာ ထိုးသတ်သွားမှာဖြစ်ကြောင်း ONE Championship ထံက သိရပါတယ်။

အောင်လဟာ ONE Championship ရဲ့ Friday Night 168 ပြိုင်ပွဲမှာ MMA ဖိုက်တာ အာဒိုဂန်နဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့မှာ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ အောင်လရဲ့အမေရိကန်နိုင်မှာထိုးသတ်မယ့် ဒုတိယမြောက်ပွဲစဉ်လည်း ဖြစ်ပါတယ်။

၂ ထပ်ကွမ်း ချန်ပီယံဟောင်း အောင်လအနေနဲ့ ၂၀၂၃ ခုနှစ်၊ မေလက တရုတ်ဖိုက်တာ ဖန်ရောင်နဲ့ နောက်ဆုံးထိုးသတ်ခဲ့တာဖြစ်လို့ ကြိုးဝိုင်းတွေနဲ့ဝေးကွာနေတာ ၁ နှစ်ကျော် ရှိနေပါပြီ။

သို့ပေမယ့် ပြိုင်ပွဲကျင်းပဖို့ အချိန် ၂ လကျော် လိုနေသေးတာကြောင့် ဖိုက်တာကြီး အောင်လအနေနဲ့ ပြင်ဆင်ချိန်ကောင်းကောင်း ရရှိထားပါတယ်။

အောင်လနဲ့ထိုးသတ်မယ့် ရှာမဲ့လ် အာဒိုဂန်ဟာ MMA ၉ ပွဲထိုးသတ်ရာမှာ ၉ ပွဲလုံး အနိုင်ရထားကာ ရှုံးပွဲလုံး၀မရှိသေးတဲ့ ဖိုက်တာတစ်ဦးဖြစ်ပါတယ်။

အောင်လကတော့ MMA ပြိုင်ပွဲ ၃၀ ထိုးသတ်ရာမှာ ၁၇ ပွဲနိုင် ၁၃ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားတဲ့ ဝါရင့်ဖိုက်တာ ဖြစ်တဲ့အတွက် အာဒိုဂန်အနေနဲ့ အတွေ့အကြုံရင့် MMA ရွှေခါးပတ်ချန်ပီယံဟောင်းကို ရင်ဆိုင်ရမှာပါ။

Photo – ONE Championship
#Ayeyarwaddy_Times #Sport #အောင်လ