ဧရာဝတီတိုင်းမ်
ဇွန်၂၈ ရက်

ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိလင့်ကစား အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်အတွင်း လေယာဉ် ဆီဝယ်ယူဖို့ ငွေကြေး ပိုသုံးစွဲခဲ့လို့ အရပ်ဘက်ပစ်မှတ်တွေကို ရမ်းသမ်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုက ဖော်ပြပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက မြန်မာစစ် တပ် စစ်လက်နက်တွေရရှိအောင် ဘယ်လိုလုပ်ဆောင်လဲဆိုတာ အသေးစိတ်ဖော်ပြထားတဲ့ အစီရင်ခံစာ ကို ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာဘဏ်လုပ်ငန်းစနစ်မှတစ်ဆင့် ဒေါ်လာ သန်း ၈၀ တန်ကြေးရှိ လေယာဉ်ဆီတွေ ဝယ်ယူခဲ့ရာ နှစ်အလိုက် ၃၀ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာစစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ ခြောက်လအတွင်း ငါးဆ တိုးလာခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာစစ်တပ်က စစ်စခန်းတွေ၊ ပိုင်နက်နယ်မြေတွေ၊ တပ်ဖွဲ့တွေကို တော်လှန်ရေးတပ်ဖွဲ့တွေထံ ဆုံးရှုံးနေစဉ် ယခုအစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံတကာအသိုင်းအဝိုင်းက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမိုပြုလုပ်ဖို့ အစီရင်ခံစာက တောင်းဆိုပါ တယ်။ မြန်မာစစ်တပ်က ကုန်သွယ်ရေးကုမ္ပဏီတွေ၊ လောင်စာဆီသိုလှောင်ကုန်တွေ အပါအဝင် ကြားခံ တွေမှတစ်ဆင့် လေယာဉ်ဆီတွေ ဝယ်ယူနေရာ ခြေရာခံဖို့ ခက်ခဲစေတယ်လို့ အစီရင်ခံစာက ထောက်ပြ ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ပြည်ပမှ စစ်လက်နက် ရရှိမှုပမာဏဟာ လျော့နည်းလာခဲ့တယ်လို့ အစီရင် ခံစာက ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၂၅၃ သန်းတန်ကြေးရှိ စစ်လက်နက်တွေ ဝယ်ယူခဲ့ရာ ယခင်နှစ်ကထက် သုံးပုံတစ်ပုံ လျှော့နည်းလာခဲ့ပါတယ်။

ကိုးကား – NHK
Ref; UN: Myanmar purchased more aviation fuel despite sanctions

#Ayeyarwaddy_Times