ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်

မြန်မာနိုင်ငံမှာ ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုမှာ ပါဝင်တယ်လို့ သံသယရှိသူ တရား ခံပြေး ၃ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါ တယ်။

တရုတ်နိုင်ငံသားတွေဖြစ်တဲ့ အဆိုပါပုဂ္ဂိုလ် ၃ ဦးဟာ တရုတ်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်း အလိုရှိစာရင်း ထုတ်ပြန်ပြီးနောက်ပိုင်း ဖမ်းဆီးမိခဲ့တဲ့ အလိုရှိဆုံး မူးယစ်တရားခံပြေး ၁၀ ဉီးအ နက် ပထမဆုံး ၃ ဉီးဖြစ်တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။

၎င်းတို့သုံးဦးဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကာလရှည် နေထိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ မူးယစ် ဆေးဝါး ကီလိုဂရမ် ၃၀၀ ကျော် မှောင်ခိုကူးမှုမှာ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မူးယစ်တရားခံပြေး ၃ ဦးကို ဖမ်းဆီးမိတာဟာ မူးယစ်ဆေးဝါး ရာဇဝတ်မှုကို ပစ်မှတ်ထားတဲ့ နယ်စပ်ဖြတ်ကျော် တရားဉပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါသော တိုးတက်မှုလို့ ပြည် သူ့လုံခြုံရေးဝန်ကြီးဌာနက ဂုဏ်ပြုခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်နောက်ပိုင်း နယ်စပ်ဖြတ်ကျော် ဉပဒေစိုးမိုးမှု စစ်ဆင်ရေးတွေကြောင့် မူးယစ်ဆေး မှောင်ခိုကူးမှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၄၂၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ ဝန် ကြီးဌာနက ပြောကြားပါတယ်။

တရားခံပြေးတွေ လက်နက်ချဖို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက တိုက်တွန်းကာ နယ်စပ်ဖြတ် ကျော် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကတိပြုခဲ့ပါတယ်။

ကိုးကား – Xinhua
Ref; 3 suspected drug traffickers repatriated to China from Myanmar

#Ayeyarwaddy_Times