မြရာ/ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်

ရှမ်းမြောက်၊ နောင်ချိုရှိ ဒုံးတပ်ရင်း ဒတရ- ၆၀၆ ကို TNLA က သိမ်းပိုက်ထားပြီး မြို့ကိုစစ်ကောင်စီလက် လွှတ်လိုက်ရကာ ကျန်ရှိနေသည့် ခမရ ၁၁၄ ကိုလည်း လေကြောင်းပစ်ကူပေးနေရကြောင်း သိရသည်။

ယနေ့ ဇွန် ၂၇ ရက် နံနက် ၁၁ နာရီအချိန်တွင် ပြင်ဦး လွင်မြို့နှင့် မိုင် ၃၀ ခန့်သာကွာဝေးသည့် စစ်ကောင်စီ ၏ ဒုံးတပ်ရင်း ဒတရ ၆၀၆ တပ်စခန်းကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းပိုက်လိုက်ကြောင်း သိရသည်။

“မြို့ကိုထိန်းချုပ်လိုက်ပြီ။ ကျန်တဲ့ ၁၁၄ ကလည်း ထွက်ပြေးလာတဲ့ ၁၁၅ တပ်ကလူတွေနဲ့ ခုခံနေရတဲ့ အပြင် လေကြောင်းကနေပါ ပစ်ကူနေရတယ်။ တိုက် ပွဲအခြေအနေကတော့ ဒီလောက်ပဲပြောလို့ရသေးတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

ထို့အပြင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၁၁ ၄ ကိုလည်း နံနက် ၆ နာရီအချိန်ကစ၍ တပြိုင်နက်ဝင် ရောက်တိုက်ခိုက်နေပြီး နံနက် ၁၀ နာရီအချိန်တွင် အုမ္မခါးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်ကြောင်း TNLA ကထုတ်ပြန်ထား သည်။

ယမန်နေ့ ဇွန် ၂၆ ရက်နေ့ကလည်း နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၁၁၅ စခန်းကို TNLA က ဝင် ရောက်တိုက်ခိုက်ရာ ယင်းစခန်းမှစစ်ကောင်စီတပ်ဖွဲ့ ဝင်အချို့ စခန်းကိုစွန့်ခွာထွက်ပြေးပြီး ခမရ ၁၁၄ တပ်ရင်းထံ သွားရောက်ပူးပေါင်းခဲ့သည့်အတွက် စခန်းကို လက်လွှတ်ဆုံးရှုံးလိုက်ရကြောင်း သိရသည်။

TNLA က နောင်ချိုမြို့နယ်ရှိ ခမရ ၁၁၅ အပါအဝင် ရဲ စခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင် ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများကို ယမန် နေ့ ဇွန် ၂၆ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် နောင်ချိုမြို့နှင့် အနီးဝန်းကျင်ကို လေကြောင်းတိုက် ခိုက်မှုများပြုလုပ်ခဲ့ပြီး ကျန်ရှိနေသည့် ခမရ ၁၁၄ မကျစေရန် Y-12 လေယာဉ် ဂျက်ဖိုက်တာများဖြင့် အကြိမ်ပေါင်းများစွာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်ခံနေရသည့် အဆိုပါ ခမရ ၁၁၄ ဌာနချုပ်ထဲ တွင် ရှေ့တန်းခြေလျင်တပ်ရင်း ခလရ-၇၀ (တွံ တေး)တပ်များပါ ပူးပေါင်းခံစစ်ပြင်နေပြီး ယင်း ခလရ ၇၀ သည် ရန်ကုန်တိုင်းလက်အောက်ခံတပ်ဖြစ် ကာ “နယ်မရှောင်တဲ့ကြယ်ပြောင်”ဟုဆိုကာ ကြွေး ကြော်ထားသည့် တပ်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့မှစ၍ တအာင်းပြည်နယ် တပ်မဟာ ၂ စစ်ဒေသဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါမြို့နယ်များကို ၁၀၂၇ စစ် ဆင်ရေး အပိုင်း ၂ အဖြစ် တိုက်ပွဲဖော်ဆောင်ရာတွင် TNLA နှင့်ပူးပေါင်းတပ်တို့မှ စစ်ကောင်စီတပ်စခန်းပေါင်း ၃၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး လက် နက်ခဲယမ်းအများအပြားနှင့် စစ်သုံ့ပန်း ၁၇ ဦးကိုဖမ်း ဆီးရမိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY- PDF ဝင်ရောက်တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ စစ်စခန်းများနှင့် အရန်တပ်နယ်မြေများကိုလည်း သိမ်း ပိုက်ထားကြောင်းသည်။

#ရှမ်းမြောက် #နောင်ချို #စစ်ကောင်စီ #ဒုံးတပ်ရင်း #မြို့ #TNLA #သိမ်းပိုက် #ခမရ ၁၁၄ #လေကြောင်း ပစ်ကူ
#Ayeyarwaddy_Times