ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) တည်ရှိရာ နေရာများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို သတင်းပေးနေသည့် ပျူစောထီး အဖွဲ့ဝင်ဆိုသူ သေနတ်နှင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

အသတ်ခံရသည့် ပျူစောထီးမှာ ကိုအောင်မြင့်(ခ) မဲကြီးဖြစ်ပြီး မိုင်၂၀ရွာ ၁၉ မိုင် တွင်နေထိုင်ပြီး ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က သစ်ကွက် လာကြည့်ချိန် လမ်းခုလပ်တွင် 9mm ပစ္စတိုဖြင့် သုံးချက် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။

“သူ့ကြောင့်ထောက်ပို့လုပ်သူတွေ ငါး ဦးထက်မနည်းအဖမ်းခံရတယ်။ PDF တွေရှိတဲ့ နေရာကို စစ်တပ်နဲ့ပေါင်းပြီးလိုက်ပြတယ်။ စစ်တပ်နဲ့ပေါင်းပီ တရားမဝင်သစ်တွေ ထုတ်တယ်။ ခုဆို ထောက်ပို့တွေနည်းသွားပြီး ကျွန်တော်တို့တွေ တောတွင်းမှာ ရပ်တည်ရခက်ခဲနေတယ်” ဟု ပဲခူးရိုးမအခြေပြု yome eagle pdf ခေါင်းဆောင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသတင်းပေး ပျူစောထီး ကိုအောင်မြင့်(ခ) မဲကြီးကို စစ်တပ်သတင်းပေး ဆက်လက်၍မလုပ်ဆောင်ရန် အကြိမ်ကြိမ်သတိပေးတာမြင့်ခဲ့သော်လည်း လိုက်နာခြင်း မရှိသည့်အတွက် ယခုလို ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့ဝင်က ဆိုသည်။

ပျူစောထီးဆိုသူ ကိုအောင်မြင့်(ခ) မဲကြီးသေနတ်ဖြင့်ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များဘက်မှ PDF များ၏နောက်လိုက်ကာ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း PDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ စခန်းသို့ပြန်ရောက်ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-သေနတ်ဖြင့်ပစ်သတ်ခံရသည့် ပျူစောထီးဆိုသူ ကိုအောင်မြင့်(ခ) မဲကြီး

#အုပ်တွင်းမြို့ #PDFများတည်ရှိရာ #နေရာကို #သတင်းပေး #ပျူစောထီးအဖွဲ့ဝင်တစ်ဦး #အသတ်ခံရ #Ayeyarwaddy_Times