
ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်နှင့် အာင်းတပ်မတော် (PSLF/TNLA) တို့ တိုက်ပွဲဖြစ်ပွား လျှက်ရှိရာ စစ်ကောင်စီ၏ ကျောက်မဲအခြေစိုက် အမှတ်(၁)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁) လက်အောက်ခံ တပ်ဖွဲ့ဝင် ၁၇ ဦး သည့် ယနေ့ ဇွန် ၂၆ ရက်၊ ညနေ ၄ နာရီခန့်က လက်နက်ချ အညံ့ခံခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
အလားတူ ယနေ့ ဇွန် ၂၆ ရက်၊ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း ခမရ-၁၁၅ တွင် စစ်ကောင်စီတပ်နှင့် TNLA တိုအကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ထို့အပြင် မိုးကုတ်မြိုနယ်တွင်လည်း စစ်ကောင်စီတပ် ဗျူဟာကုန်းစခန်းတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လက်နက်ချ အညံ့ခံ၊ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ သိရှိနိုင်ရန် ဧရာဝတီတိုင်းမ်သတင်းဌာနက TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူထံ ဆက်သွယ်ထားဆဲဖြစ်သည်။
လက်ရှိတွင် မိုးမိတ်၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ စသည့်မြိုနယ်များတွင် TNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်ထန်ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ် စစ်ဆင်ရေးတွင် TNLA နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲက ပူးပေါင်းပါဝင်လျှက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-TNLA သတင်းနှင့်ပြန်ကြားရေး
#ကျောက်မဲ #စစ်ကောင်စီ #စကခ၁လက်အောက်ခံ #တပ်ဖွဲဝင်၁၇ဦး #TNLA #လက်နက်ချအညံ့ခံ #နောင်ချို #မိုးကုတ် #တိုက်ပွဲဆက်လက်ဖြစ်ပွား #Ayeyarwaddy_Times