ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

ဟန်ဂေရီနိုင်ငံရဲ့ ကန့်ကွက်မှုရှိလင့်ကစား ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင် ငွေကြေးတွေကရတဲ့ အမြတ်အစွန်းတွေနဲ့ ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်တွေ ဝယ်ယူမယ့် နည်းလမ်းတစ်ရပ်ကို ဥရော ပသမဂ္ဂက တွေ့ရှိခဲ့တယ်လို့ ဉရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဘော်ရယ်လ်က ပြော ပါတယ်။

ဥရောပတိုက်အတွင်းရှိ ထိန်းချုပ်ထားတဲ့ ရုရှားငွေကြေးတွေရဲ့ အမြတ်အစွန်းတွေကို ယူကရိန်း အား ကူညီဖို့နဲ့ ရန်ပုံငွေ ၉၀ ရာခိုင်နှုန်းကို စစ်ရေးအကူအညီအတွက် သုံးစွဲဖို့ ဥရောပအစိုးရတွေက မေလ အတွင်း သဘောတူခဲ့ပါတယ်။

သို့သော်လည်း ဟန်ဂေရီနိုင်ငံက လိုအပ်သော ဥပဒေပိုင်းဆိုင်ရာ အစီအမံတွေကို အတည်ပြုဖို့ ငြင်းဆန်ခဲ့တယ်လို့ သံတမန်တွေက ပြောပါတယ်။

ဟန်ဂေရီဟာ အခြားဥရောပတိုင်းပြည်တွေထက် ရုရှားနဲ့ ပိုမိုနွေးထွေးသော ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ယူကရိန်းသို့ စစ်လက်နက်တွေလည်း အကူအညီ မပေးခဲ့ပါဘူး။

ယူကရိန်းသို့ စစ်လက်နက်တွေထောက်ပံ့တဲ့ ဉရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ဟန်ဂေ ရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ဝေဖန်ခဲ့ပြီး စစ်ပွဲကို မီးလောင်ရာလေပင့်နေတယ်လို့ ပြောပါတယ်။

ပထမအသုတ် စစ်ရေးအကူအညီဟာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် တန်ကြေးရှိပြီး ဥရောပသ မဂ္ဂ တာဝန်ရှိသူတွေဟာ ရုရှားကျူးကျော်စစ်ကို ခုခံကာကွယ်နေတဲ့ ယူကရိန်းကို ချက်ချင်း ကူညီနိုင်မယ့် ရန်ပုံငွေ သုံးစွဲခွင့်ရမယ့် နည်းလမ်းတစ်ရပ် ရှာဖွေနေပါတယ်။

“ဘယ်လိုကန့်ကွက်မှုမျိုးကိုမဆို ရှောင်ရှားနိုင်မယ့် ဉပဒေပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ရပ် ကျွန်တော်တို့မှာ ရှိပါတယ်” လို့ လူဇင်ဘတ်နိုင်ငံမှာကျင်းပတဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးမတိုင်မီ ဂျိုးဇက်ဘော်ရယ်လ်က ပြောပါတယ်။

ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာရှက်ဇာတိုဟာ အစည်းအဝေးခန်းမထဲကို လာတဲ့လမ်းတစ် လျှောက်မှာ သတင်းထောက်တွေကို စကားမပြောဆိုခဲ့ပါဘူး။

ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင် ငွေကြေးတွေရဲ့ အမြတ်အစွန်းတွေကို အသုံးပြုမယ့် ဉရောပ သမဂ္ဂရဲ့ အစီအစဉ်ဟာ G7 ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်တစ်ရပ် ဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; EU can avoid Hungary block on Russian asset plan for Ukraine, Borrell says

#Ayeyarwaddy_Times