
ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
ဖိလစ်ပိုင်နိုင်ငံကို ဘယ်သူကမှ ခြိမ်းခြောက်မရဘူးလို့ တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင် ရေတပ်နဲ့ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ကြား ပဋိပက္ခတစ်ခု ဖြစ်ပွားပြီးနောက် သမ္မတ ဖာဒီနန်မားကို့စ် က ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်ရေတပ်ရဲ့ တပ်ဖွဲ့ဝင်တွေအတွက် ထောက်ပံ့ရေးမစ်ရှင်ကို တရုတ် ကမ်းခြေစောင့်တပ် ဖွဲ့ဝင်တွေက ဟန့်တားမှုကြောင့် Second Thomas ကျွန်းအလွန်မှာ တနင်္လာနေ့က ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့တာပါ။
“ဖိလစ်ပိုင်နိုင်ငံကို ဘယ်သူကမှ ခြိမ်းခြောက် သို့မဟုတ် အနိုင်ကျင့်လို့မရပါဘူး” လို့ တောင်တ ရုတ်ပင်လယ်အတွင်း ပါလာဝမ်းကျွန်းပေါ်ရှိ ဖိလစ်ပိုင်ရေတပ်ဌာနချုပ်သို့ အလည်အပတ်ခရီးစဉ်အတွင်း ဖာဒီနန်မားကို့စ်က ပြောပါတယ်။
ထောက်ပံ့ရေးမစ်ရှင်မှာ ပါဝင်ခဲ့တဲ့ ရေတပ်ဖွဲ့ဝင် ၈၀ ကို ၎င်းက ဆုတံဆိပ်တေွ ချီးမြှင့်ခဲ့ပြီး အ ခြေအနေက အန္တရာယ်ရှိလာပင်လျင် တိုင်းပြည်ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြဖို့ တိုက်တွန်းခဲ့ပါ တယ်။
ဖြစ်စဉ်အတွင်း ဖိလစ်ပိုင်ရေတပ်ဖွဲ့ဝင်တစ်ဉီး လက်မပြတ်ထွက်သွားခဲ့ကာ တရုတ်ကမ်းခြေ စောင့်တပ်ဖွဲ့ဟာ ဓားတွေ၊ တုတ်တွေ၊ ပုဆိန်တွေကိုင်ပြီး တိုက်ခိုက်ကာ သေနတ်နဲ့လှေတွေ ပျက်စီးခဲ့ တယ်လို့ ဖိလစ်ပိုင်နိုင်ငံက စွပ်စွဲပါတယ်။
တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဖြစ်စဉ်အတွင်း ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုမူခဲ့တယ်လို့ တ ရုတ်နိုင်ငံက ပြောကြားခဲ့ပြီး ဖြစ်စဉ်အတွက် ဖိလစ်ပိုင်နိုင်ငံကို အပြစ်ဖို့ခဲ့ပါတယ်။
“ဖိလစ်ပိုင်နိုင်ငံရဲ့သမိုင်းမှာ ဘယ်လို ပြည်ပအင်အားကြီးတိုင်းပြည်ကိုမှ အလျှော့ပေးခဲ့တာ မရှိပါ ဘူး။ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ အမျိုးသား အကျိုးစီးပွားအတွက် လွတ်လပ်မှုနဲ့ အခွင့်အရေး တွေကို ဆက်လက် ကျင့်သုံးမယ်” လို့ မားကို့စ်က ကတိပြုခဲ့ပါတယ်။
တနင်္လာနေ့ဖြစ်စဉ်ကို လက်နက်ကိုင်တိုက်ခိုက်မှုတစ်ခုအဖြစ် မယူဆပေမယ့် Second Thomas ကျွန်းပေါ်ရှိ ဖိလစ်ပိုင်တပ်ဖွဲ့ကို တရုတ်တပ်ဖွဲ့က တိုက်ခိုက်လာမှာကို စိုးရိမ်မိတယ်လို့ ဖိလစ်ပိုင်အစိုးရ က ပြောပါတယ်။
ကိုးကား – The Peninsula
Ref; Marcos says Philippines won’t be intimidated after violent clash with Chinese coast guard
#Ayeyarwaddy_Times