
ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
ယခုနှစ် ဟာ့ဂျ်ဘုရားဖူးကာလအတွင်း အပူချိန်မြင့်တက်မှုကြောင့် လူပေါင်း ၁၃၀၀ ကျော် သေ ဆုံးခဲ့ပြီး သေဆုံးသူ ၅ ဦးအနက် ၄ ဦးက တရားမဝင် ခရီးစဉ်တွေကြောင့်ဖြစ်တယ်လို့ ဆော်ဒီအာရေး ဘီးယားနိုင်ငံက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးဌာနက ဒီနှစ်မှာ အပူချိန် မြင့်တက်မှုကြောင့်ဖြစ်ပွားတဲ့ ဖြစ်စဉ်အများအပြားကို ဖြေ ရှင်းခဲ့ရကြောင်း၊ လူအချို့ကို ဆေးကုသပေးနေရဆဲဖြစ်ပြီး သေဆုံးသူ ၁၃၀၀ ကျော်ရှိတယ်လို့ ဆော်ဒီ အာရေးဘီးယားအစိုးရက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
သေဆုံးသူတွေရဲ့ ၈၃ ရာခိုင်နှုန်းက တရားမဝင် ဟာ့ဂျ်ဘုရားဖူး ဆောင်ရွက်သူများဖြစ်ပြီး တိုက် ရိုက် နေရောင်ခြည်အောက်မှာ ခရီးဝေး လမ်းလျှောက်ခဲ့သူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါ တယ်။
သေဆုံးသူတွေထဲမှာ သက်ကြီးတွေ၊ နာတာရှည်ဖျားနာသူတွေ ပါဝင်ပြီး သေဆုံးသူအားလုံးကို မည်သူမည်ဝါဖော်ထုတ်ပြီးဖြစ်တယ်လို့ စီအန်အန်သတင်းဌာနက ဖော်ပြပါတယ်။
ယခုနှစ် ဟာ့ဂျ်ဘုရားဖူးခရီးစဉ်ကာလအတွင်း ရာနဲ့ချီတဲ့သူတွေ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုမှာ ရာ သီဉတု အလွန်အမင်း ပူပြင်းမှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ယနေ့ မက္ကာမြို့မှာ အပူချိန်ဟာ ၁၂၅ ဒီ ဂရီဖာရင်ဟိုက်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
ဆော်ဒီအာရေးဘီးယားနိုင်ငံဟာ မက္ကာမြို့သို့ တရားဝင် လာရောက်ကာ ဟာ့ဂျ်ဘုရားဖူးလိုသူ ဘု ရားဖူးတိုင်းအတွက် စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။
ဆော်ဒီအာရေးဘီးယားအစိုးရက တရားဝင် မှတ်ပုံတင်ပြီး မက္ကာသို့ လာရောက်တဲ့ ဘုရားဖူးတွေ နဲ့ပတ်သက်ပြီးသာ သိရှိတာကြောင့် ယခုနှစ် ဟာ့ဂျ်ဘုရားဖူးကာလအတွင်း သေဆုံးသူအရေအတွက် မြင့် တက်နိုင်တယ်လို့ ဆိုပါတယ်။
ကိုးကား – ANI
Ref; Over 1,300 people died during Hajj pilgrimage in 2024: Saudi Arabia
#Ayeyarwaddy_Times