ဧရာ၀တီတိုင်းမ်
ဇွန်လ ၂၄ ရက်

ဒီကနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စု (A) နောက်ဆုံးပွဲစဉ်တွေအပြီးမှာ အိမ်ရှင်ဂျာမနီနဲ့ ဆွဇ်ဇာလန်အသင်းတို့ ရှုံးထွက်အဆင့်ကိုတက်ရောက်ခဲ့ပြီး စကော့တလန်အသင်းကတော့ ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

အိမ်ရှင်ဂျာမနီနဲ့ ဆွဇ်ဇာလန်ပွဲစဉ်မှာ ဆွဇ်ဇာလန်တို့က ပထမပိုင်းမှာ ဦးဆောင်ဂိုးသွင်းပြီး ပြိုင်ပွဲကို ဦးဆောင်ခဲ့ပေမယ့် ပွဲကစားချိန် ၉၂ မိနစ်မှာ ဂျာမနီအသင်းက အချိန်ပိုနောက်ကျဂိုးသွင်းခဲ့လို့ တဖက် တဂိုးစီ သရေကျခဲ့ပါတယ်။

ဒီရလာဒ်ကြောင့် ဂျာမနီတို့က ရမှတ် ၇ မှတ်နဲ့ အုပ်စုပထမ၊ ဆွဇ်ဇာလန်က ရမှတ် ၅ မှတ်နဲ့ အုပ်စုဒုတိယ ရရှိပြီး ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။

2158891543

တဖက်က စကော့တလန်နဲ့ ဟန်ဂေရီပွဲစဉ်မှာ ဟန်ဂေရီအသင်းက အချိန်ပိုမှာ အသည်းခွဲဂိုးသွင်းပြီး စကော့တလန်ကို အနိုင်ယူခဲ့တာကြောင့် ဟန်ဂေရီတို့ ၃ မှတ်ရခဲ့ပြီး စကော့တလန်အသင်းက ရမှတ် ၁ မှတ်သာ ရခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

ဟန်ဂေရီကတော့ စကော့တလန်ကို အချိန်ပိုအသည်းခွဲဂိုးနဲ့နိုင်ခဲ့လို့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပထမဆုံး ၃ မှတ် ရခဲ့သလို အုပ်စုတတိယရခဲ့တဲ့အတွက် ရှုံးထွက်အဆင့်တက်ရောက်ဖို့ မျှော်လင့်ချက် ဆက်လက်ရှင်သန် ခဲ့ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အုပ်စုတတိယရတဲ့အသင်း ၆ သင်းထဲက အကောင်းဆုံး ၄ သင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Photo – Euro 2024
#Ayeyarwaddy_Times #Sport #Euro2024