ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

ယူကရိန်းတောင်ပိုင်း ဆီဗာစတိုပိုလ်မြို့တော်ကို ယူကရိန်းက ဒုံးကျည်နဲ့တိုက်ခိုက်ရာ လူ ၄ ဦး သေဆုံးခဲ့ပြီး ၁၄၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားခန့်အပ်ထားတဲ့ အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားနိုင်ငံက ၂၀၁၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့ပါ တယ်။

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုမှာ အမေရိကန်နိုင်ငံက ယူကရိန်းသို့ ထောက်ပံ့ထားတဲ့ ATACMS ဒုံးကျည် ၅ စင်း ပါဝင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောပါတယ်။

ရုရှား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ကလပ်စတာဗုံးတွေ တပ်ဆင်ထားတဲ့ ဒုံးကျည် ၄ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပေမယ့် ပဉ္စမမြောက်ဒုံးကျည်က လေထုထဲ ပေါက်ကွဲခဲ့တယ်လို့ အဆိုပါ ဝန်ကြီးဌာနက ဆိုပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ စစ်လက်နက်တွေ ပေးပို့ခဲ့တာကြောင့် ဒုံးကျည်တိုက်ခိုက်မှုအ တွက် တာဝန်အရှိဆုံးဖြစ်ကြောင်း ဝန်ကြီးဌာနက ဆက်ပြောပါတယ်။

ပိုင်နက်အတွင်းမှ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ ယူကရိန်းနိုင်ငံကိုလည်း အပြစ်ဖို့ချရမယ်လို့ ရု ရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ATACMS ဒုံးကျည်ဟာ ပစ်မှတ်တွေကို အတိအကျ တိုက်ခိုက်နိုင်စွမ်းရှိပြီး ကီလိုမီတာ ၃၀၀ ခန့်အကွာထိ ရောက်ရှိနိုင်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; Four killed in Ukraine missile attack on Crimea, Russia says

#Ayeyarwaddy_Times