
ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
စနေနေ့က ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄၂ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဟားမာစ်မီဒီယာတစ်ခုကို ကိုးကားပြီး ဖော်ပြပါတယ်။
ရုပ်သံပြကွက်ထဲမှာ ပြိုကျအဆောက်အအုံတွေရဲ့ မြေမှုန့်တွေ လေထဲရောက်ရှိနေပြီး လူအချို့က ကလေးငယ်တွေကို ပိုက်ပြီး ထွက်ပြေးကာ အချို့က ဒဏ်ရာရရှိသူတွေကို ထမ်းပိုးပြီး ငိုကြွေးနေပုံကို ပြ သပါတယ်။
ဂျက်တိုက်လေယာဉ်နှစ်စင်းက ဂါဇာမြို့တော်ရှိ ဟားမာစ်စစ်သွေးကြွအဖွဲ့ရဲ့ အဆောက်အအုံနှစ် လုံးကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်နေပါ တယ်။ အစ္စရေးတပ်ဖွဲ့တွေဟာ သောကြာနေ့က ဂါဇာတောင်ပိုင်း ရာဖာမြို့တော်အပြင်ဘက်ရှိ ဒုက္ခသည် စခန်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ လူ ၂၅ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးအာ ဏာပိုင်တွေက ပြောပါတယ်။
ဂါဇာမြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာတဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဟား မာစ်အဖွဲ့ကို လက်နက်တွေ ထောက်ပံ့နေတဲ့ အဖွဲ့တစ်ဖွဲ့ကို သုတ်သင်ရှင်းလင်းဖို့ စနေနေ့က အိမ်နီးချင်း လက်ဘနွန်နိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
လက်ဘနွန်နိုင်ငံရှိ ရှီးယိုက်မူဆလင်အဖွဲ့ ဟစ်ဇဘိုလာကို စစ်ရေးပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးနိုင်ငံက ပြောပါတယ်။
ကိုးကား – NHK
Ref; Reports: 42 killed in Gaza City air strikes
#Ayeyarwaddy_Times