
ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
ဧရာ၀တီတိုင်း၊မော်လမြိုင်ကျွန်းမြို့တွင် ဇွန်လ ၂၁ရက်နေ့က စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ရက်(facebook)တွင် ရေးသားသည်ဟုစွပ်စွဲကာအမျိုးသားတစ်ဦးအဖမ်းခံလိုက်ရကြောင်း ဒေသခံများ ထံမှသိရှိရသည်။
“နေ့လည်ပိုင်းအချိန်ကြီး ရပ်ကွက်ထဲကို ရဲတွေအိမ်စီးကားနဲ့၀င်လာပြီး နေအိမ်ပေါ်တက် ဖမ်းသွားတာ။ facebook မှာသူတို့ကိုဆန့်ကျင်တဲ့စာသားတွေတင်လို့ကြားတယ် “ဟု မြို့ခံတစ်ဦးမှဧရာ၀တီတိုင်မ်းကိုပြောသည်။
ဖမ်းဆီးခံရသူမှာမော်လမြိုင်ကျွန်းမြို့၊အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သူ ကိုမင်းထက်ပိုင်ဆိုသူဖြစ်ပြီး ဇွန်လ (၂၁)ရက်နေ့ ၁၂နာရီ၄၀ခန့်တွင် စစ်ကောင်စီတပ်နှင့်ရဲများမှ နေအိမ်ကို ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။
လက်ရှိတွင် ကိုမင်းထက်ပိုင်အား နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန်နှင့် အများ ပြည်သူများအထိတ်တလန့်ဖြစ်စေရန်အတွက် မမှန်သတင်းများအား လူမှုကွန်ရက် မှတစ်ဆင့်ဖြန့်ဝေမှုများနှင့်စွပ်စွဲပြီး မော်လမြိုင်ကျွန်းမြို့ရဲစခန်းမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နှင့် ၅၀၅(က)အပါအဝင် အိီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေများနှင့် တရားစွဲဆိုရန် ပြုလုပ်နေကြောင်းသိရသည်။
#မော်လမြိုင်ကျွန်း #စစ်ကောင်စီ #ဆန့်ကျင်သည့်စာများ #လူမှုကွန်ရက်ပေါ် တင်သည် #အမျိုးသားတစ်ဦးဖမ်းဆီးခံရ #Ayeyarwaddy_Times