ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သံဃာတစ်ပါး မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်မှာ ခြေချင်းဝတ်မှနေ၍ ပြတ်ထွက် သွားကြောင်း ဒေသခံများထံက သိရသည်။
ကျုံဒိုးမြို့၊ တောရကျောင်းရှိ ဦးဇင်းတစ်ပါးသည် ယနေ့ ဇွန်လ ၂၃ ရက် နံနက်ပိုင်းက ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု့စဥ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ဘုန်းကြီးက ကျောင်းထဲမှာ ကျောင်းပတ်ဝန်းကျင်လျှောက်ကြည့်ရင်း ငှက်ပျောရုံထဲမှာ ထောင်ထားတဲ့မိုင်းကိုနင်းမိပြီး ခြေထောက်တစ်ဖက်က ဒူးအောက်ဘက်ကနေ ပြတ်ထွက် ကုန်တာ” ဟု တောရကျောင်းနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မိုင်းနင်းမိခဲ့သည့် သံဃာတော်သည် ကျုံဒိုးမြို့ဆေးရုံတွင် အရေးပေါ်ဆေးကုသခဲ့ပြီး လက်ရှိတွင် ဖားအံမြို့ရှိ တောင်ကလေးဆေးရုံသို့ ပြောင်းရွှေ့ကာ ဆေးကုသမှုခံယူ လျှက်ရှိကြောင်း သိရသည်။
ကျုံဒိုးမြို့ရှိ အဆိုပါ တောင်ကလေးဘုန်းတော်ကြီးကျောင်းသည် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း ခမရ -၅၄၆ နှင့် အနီးဆုံး ကျောင်းတစ်ကျောင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ – မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်သွားသည့် သံဃာတော်အား တွေ့ရစဉ်
#ကျုံဒိုးမြို့ #ဘုန်းတော်ကြီးကျောင်းဝန်းအတွင် #သံဃာတစ်ပါး #မိုင်းနင်းမိ #Ayeyarwaddy_Times