ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်

ပဲခူးတိုင်းရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်မုနိန္ဒာ ဘိဝံသသည် စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်‌တော်မူရခြင်း ဖြစ်ကြောင်း အမှန်အတိုင်း စာထုတ်ခဲ့သည့် တိုင်းသာသနာရေးအဖွဲ့ ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သိရသည်။

အမှန်အတိုင်းစာထုတ်ခဲ့သည့် မန္တလေးတိုင်း တိုင်းသာသနာရေးဦးစီးမှူး ဦးကျော်လှိုင်ကို စစ်ကောင်စီက ဇွန် ၁၉ ရက်နေ့ ညပိုင်းတွင် သာသနာရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာသို့ လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ သတင်းရင်း မြစ်ထံက သိရသည်။

ဖြစ်စဉ်အမှန်ကို ဌာနတွင်းသတင်းပေးပို့ရာတွင် လက်မှတ်ရေးထိုးခဲ့သည့် မန္တလေးတိုင်း သာသနာရေးမှူးနှင့် ဝန်ထမ်းများကို ၎င်းတို့ထုတ်ပြန်ချက်နှင့် ကွဲလွဲပြီးသတင်းပေါက် ကြားသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဆိုသည်။

“ဒီစာပေါက်နေတာကို မသိသေးဘဲ မဟုတ်ကြောင်းလွှဲချတဲ့ သတင်းကိုထုတ်လွှင့် လိုက်တော့ အရှက်ကွဲသလိုဖြစ်သွားပြီး ဖုံးမရ ဖိမရဖြစ်သွားလို့ အတော်ဒေါကန် နေတယ်။ တိုင်းသာသနာရေးမှူးနဲ့အဖွဲ့လည်း နန်းတွင်းထဲမယ်” ဟု အုပ်ချုပ်ရေးနှင့် နီးစပ် သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကန်သုံးဆင့်ဆရာတော်ကြီးသည် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူရခြင်းမှာ စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း ယမန်နေ့ ဇွန် ၂၀ ရက်နေ့က ထုတ်ဖော်မိန့်ကြားခဲ့ပြီးနောက် စစ်ကောင်စီက အဖြစ်မှန်ပေါ်ပေါက်ရေး ဖော်ထုတ် စုံစမ်းနေသည်ဟု ယနေ့ ဇွန် ၂၁ ရက်နေ့တွင် ထုတ်ပြန်လာသည်။

ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပျံလွန်တော်မူရခြင်းမှာ PDF များ၏လက်ချက်ဟု စစ်ကောင်စီလိမ်လည် သတင်း ထုတ်ပြန်ခဲ့ပြီးနောက် ကန်သုံးဆင့်ဆရာတော်ဘုရား ကြီးက အမှန်အတိုင်း ထုတ်ဖော်မိန့်ကြားခဲ့ရာတွင် ယခုကဲ့သို့ ဖြစ်စဥ်မှန် ပုံပေါ်ပေါက်ရန် စုံစမ်းနေကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီက ထိုသို့ ရှေ့နောက်မညီသတင်းများ ထုတ်ပြန်ခဲ့မှုကို “ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကနဦးသတင်းထုတ်ပြန်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်မှ သတင်းပို့တင်ပြလာသည့် အချက်အလက်များကို အခြေခံပြီး သတင်းထုတ်ပြန်ခဲ့ရခြင်းဖြစ်ကြောင်း ပြောဆို ထားသည်။

အခင်းဖြစ်ပွားသည့်နေ့က ဆရာတော်များလိုက်ပါ လာသည့်ကားကို ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ပျံလွန်တော်မူသွားသည့် ဆရာတော်ကြီးနှင့် ဒဏ်ရာများရရှိထား သည့် ကန်သုံးဆင့်ဆရာတော်နှင့် ဒရိုင်ဘာကိုဆေးကုသမှုများ လုပ်ဆောင် ပေးခြင်းမရှိဘဲ ဖုန်းများကိုသိမ်း ဆည်းခဲ့သည်။

ထိုသို့ သိမ်းဆည်းပြီးနောက် ညနေပိုင်းအချိန်ထိ စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ကာ နန်းတွင်းစစ်ကြောရေးသို့ပါ ခေါ်ဆောင်ပြီး ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက သတင်းထုတ်ပြန်ထားရာတွင်မူ PDF များ ပစ်ခတ်မှုကြောင့် ဆရာတော် များလိုက်ပါလာသည့် ကားသည် လမ်းဘေးသို့ထိုးကျသွားခဲ့သည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များကပင် စစ်ဆေးကယ်တင်ပြီး ဆေးကုသမှုပေးခဲ့ရကြောင်း လိမ်လည် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#မဟန #ဝင်းနိမ္မိတာရုံ #ဆရာတော်ကြီး #ပျံလွန်တော်မူ #အမှန်တိုင်း #စာထုတ် #တိုင်းသာသနာရေး မှူး #စစ်ကောင်စီဖမ်း‌ဆီး #Ayeyarwaddy_Times