ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်
မှော်ဘီမြိုနယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်ကောင်စီ၏ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ) တိုက်ခိုက်ခံရကြောင်း ဒေသခံများထံက သိရသည်။
ရန်ကုန်တိုင်း၊ မှော်ဘီမြိုနယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိတပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ) ကို ယမန်နေ့ ဇွန် ၂၀ ရက်နေ့ ည ၇ နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Operation Flame (OF) ထံက သိရသည်။
“အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုအပြီးမှာ ရန်သူဖက်မှထိခိုက်မှုတချိုရှိခဲ့ပြီး အသေးစိတ်အခြေအနေများအား ကျွန်တော်တို့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု Operation Flame (OF) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ဆင်ရေးကို Operation Flame (OF)မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်ပြီး ရန်ကုန်တော်လန်ရေးမဟာမိတ်များအားလုံးနှင့် အတူလက်တွဲကာ စစ်ကောင်စီတပ်ကို အရှိန်မြှင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း Operation Flame (OF)က အသိပေးထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီးနောက် မှော်ဘီ တိုးဂိတ်အနီး ရန်ကုန်မြို့အဝင်ဘက်ခြမ်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများ မောင်းနှင်လာသည့် ကားများကို စစ်ဆေးနေကြောင်း သိရပြီး တော်လှန်ရေးအဖွဲ့ဝင်များ ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း Operation Flame (OF)က ထုတ်ပြန်ထားသည်။
#ရန်ကုန်ပြည် #တပ်မတော်ကြည်း #ဗိုလ်သင်တန်းကျောင်း #အဝေးထိန်းမိုင်း #တိုက်ခ်ိုက်ခံရ #Ayeyarwaddy_Times