ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ပင်လယ်ဓားပြတွေလို ပြုမူနေတယ်လို့ ဖိလစ်ပိုင် စစ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမီယိုဘရောင်းနာက ပြောကြားလိုက်ပါတယ်။
တရုတ် ကမ်းခြေစောင့်သင်္ဘောတွေက ဇွန်လ ၁၇ ရက်မှာ တောင်တရုတ်ပင်လယ်အတွင်း ဖိလစ် ပိုင်ရေယာဉ်တစ်စင်းကို တိုက်ခိုက်ခဲ့ပြီးနောက် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။
“တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားကျွန်းစုမှာ နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တုန်းက တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ဓားတွေ၊ လှုံတွေနဲ့ ဖိလစ်ပိုင် ထောက်ပံ့ရေး သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကလည်း လက်ဗလာနဲ့ တတ်နိုင်သ လောက် ပြန်တိုက်ခိုက်ခဲ့ပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။
ဖိလစ်ပိုင်သင်္ဘောသားတစ်ဉီး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သင်္ဘောတစ်စင်း ထိခိုက်ခဲ့ရတဲ့ဖြစ် စဉ်ကို သူက ဇွန်လ ၁၉ ရက်မှာ လူမှုကွန်ရက် Facebook ပေါ် မျှဝေခဲ့ပါတယ်။
“ပင်လယ်ဓားပြတွေကသာ ဒီလိုမျိုး ပြုလုပ်ပါတယ်။ ပင်လယ်ဓားပြတွေကသာ သင်္ဘောတွေ၊ ပစ္စည်းကိရိယာတွေနဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူ၊ ဖျက်ဆီးပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
မကြာသေးမီလတွေအတွင်း Second Thomas ကျွန်းအနီးမှာ ဖိလစ်ပိုင်နဲ့တရုတ်ကြား ထိပ်တိုက် တွေ့ဆုံမှုတွေ ကြိမ်ဖန်များစွာ ဖြစ်ပွားခဲ့ပါတယ်။
တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေရဲ့ တရားဉပဒေစိုးမိုးရေး လုပ်ဆောင်ချက်က ပရော်ဖက်ရှင် နယ်ဆန်ပြီး ချုပ်တည်းခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ပြောပါတယ်။
တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ တရားမဝင် ထောက်ပံ့ရေးမစ်ရှင်ကို ရပ်တန့် ဖို့ ကြိုးစားခဲ့တာ သူက ဆိုပြီး ဖိလစ်ပိုင်နိုင်ငံက Second Thomas ကျွန်းသို့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ ခဲယမ်းမီးကျောက်တွေ ပို့ဆောင်နေတာလို့ စွပ်စွဲလိုက်ပါတယ်။
“ထိပါးမှုနဲ့ ရန်စမှုတွေကို ချက်ချင်း ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဖိလစ်ပိုင်ကို တိုက်တွန်းပါတယ်” လို့ လင်ကျင်းက ဆိုပါတယ်။
ကိုးကား – ANI
Ref; Philippines says Chinese coast guards ‘acting like pirates’ in South China Sea
#Ayeyarwaddy_Times