ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်

ထိုင်ဝမ်လွတ်လပ်ရေး ထောက်ခံသူတွေကို မျက်ကွယ်မှာ တရားစွဲဆိုကာ တိုင်းပြည်ပြိုကွဲစေမှုနဲ့ သေဒဏ်စီရင်ချက်ချမယ်လို့ တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။

တရုတ် တရားဉပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့ တရားရုံးတွေက တိုင်းပြည်ပြိုကွဲစေမှု၊ ခွဲထွက်ရေး လှုံ့ဆော်တဲ့ ရာဇဝတ်မှုတွေဖြစ်စေတဲ့ ထိုင်ဝမ်လွတ်လပ်ရေး ထောက်ခံသူတွေကို ပြင်းပြင်းထန်ထန် ပြစ် ဒဏ်ပေးသင့်တယ်လို့ တရားရုံးချုပ်နဲ့ တရားဉပဒေစိုးမိုးရေး အဖွဲ့အစည်း ၄ ခုက ထုတ်ပြန်တဲ့ ညွှန်ကြား ချက်တစ်ရပ်က ဆိုပါတယ်။

လူထုဆန္ဒခံယူပွဲကျင်းပတာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်အဖြစ် လျှောက်ထားတာနဲ့ လွတ်လပ်ရေးအတွက် ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းတာ အပါအဝင် ထိုင်ဝမ်ကို တရားဝင် တိုင်းပြည် တစ်ခုဖြစ်အောင် ကြိုးပမ်းသူတွေကို ညွှန်ကြားချက်က ရည်မှန်းတာဖြစ်ပါတယ်။

တရုတ်နိုင်ငံကို အမျက်ထွက်စေခဲ့တဲ့ အမေရိကန်အောက်လွှတ်တော်ဉက္ကဌ နန်စီပီလိုစီရဲ့ ခရီးစဉ် အပြီး တရုတ် အမျိုးသားလုံခြုံရေးဉပဒေအရ ထိုင်ဝမ် အမျိုးသားပါတီ ဒုတိယဉက္ကဌ ရန်ချစ်ယွမ် ၂၀၂၂ ခု နှစ်လယ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ရန်ကို တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဝမ်ကျိုးမြို့တော်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ထိုင်ဝမ်ကို အ ချုပ်အခြာအာဏာပိုင် လွတ်လပ်သောတိုင်းပြည်တစ်ခုအဖြစ် ကုလသမဂ္ဂမှာပူးပေါင်းဖို့ ရည်ရွယ်ချက်နဲ့ လွတ်လပ်ရေးလိုလားတဲ့ ထိုင်ဝမ်အမျိုးသားပါတီကို တည်ထောင်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

ထိုင်ဝမ်လွတ်လပ်ရေး ထောက်ခံသူမှန်သမျှကို ခွဲထွက်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်မှု နဲ့ ပစ်မှတ်ထား အရေးယူမယ်လို့ လမ်းညွှန်ချက်က ဆိုပါတယ်။

ဒါဇင်နဲ့ချီတဲ့ ထိုင်ဝမ်သရုပ်ဆောင်တွေက တစ်ဖြည်းဖြည်း ပြန်လည်ပေါင်းစည်းမှုကို ထောက်ခံ ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုရဲ့ ပို့စ်တစ်ခုကို ပြန်လည်မျှဝေမှုပြုလုပ်ပြီးနောက် တရုတ်က အခု လို ကြေညာခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်ကို ခြိမ်းခြောက်တာ ရပ်တန့်ဖို့နဲ့ တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်တာကို မလိုလားတဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားသမှုရှိဖို့ ထိုင်ဝမ် ရွေးကောက်ခံသမ္မတ လိုင်ချင်တေးရဲ့ ကျမ်းသစ္စာကျိန် ဆိုပွဲ မိန့်ခွန်းကို တရုတ်က တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိမှာ ထိုင်ဝမ်ရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုလို့ ဇန်နဝါရီ သမ္မတရွေး ကောက်ပွဲမှာ တရုတ်နိုင်ငံက မနှစ်သက်ဆုံး ကိုယ်စားလှယ်လောင်းဖြစ်ခဲ့သူ လိုင်ချင်တေးက သတိပေးခဲ့ ပါတယ်။

ကိုးကား – RFA
Ref; China threatens death penalty for supporters of Taiwan independence

#Ayeyarwaddy_Times