
ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ရှိ စစ်ကောင်စီက ဇွန်လ ၁၈ ရက်နေ့တွင် ပြန်လည်သိမ်းယူထားသည့် ကနေဒီတောင် တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင့် ချင်းလဲန်းကာကွယ်ရေးတပ်(ဟွာလ်ငို) တာဝန်ရှိသူထံက သိရှိရသည်။
တီးတိန်-ကလေး ကားလမ်းမပေါ်က စစ်ရေးအရပါသည့် ကနေဒီတောင် တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့တွင် ပြန်လည်းသိမ်းယူထားပြီး လိုအပ်သည့် နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ပြီးစီးကြောင့်နှင့် သိုင်းငင်းတပ်စခန်းကိုလည်း ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ရေးတင်းမာနေကြောင်း သိရှိရသည်။
“တီးတိန်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အင်အား ၁၀၀ ၀န်းကျင်ခန့်ဟာ တီးတိန်- သိုင်းငင်းလမ်းကြောင်းအတိုင်း စစ်ကြောင်းထိုး လာတယ်။ အဲ့၀န်းကျင်မှာ နေရာယူထားတဲ့ PDF-Zoland က လုံး၀ဟန့်ထားခြင်း မပြုပဲ ကနေဒီတောင်ကို ပြန်သိမ်းနိုင်ကြတယ်။ ဒါကြောင့် သိုင်းငင်းစခန်း ဘက်ကနေ ကျွန်တော်တို့ အဖွဲ့တွေက တားနိုင်ဖို့ အစွမ်းကုန်ကြိုးစားတိုက်ခိုက်ရင်း မနေ့က ညနေပိုင်းမှာ ကနေဒီကို အပြည့်အ၀ရှင်းလင်းနိုင်ခဲ့တယ်။”ဟု CDF-Hualngoram မှ တာဝန်ရှိသူ Pu Lalvenpuia က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ပွဲကို CDF-Hualngoram အပါဝင် ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF CDM-Siyin, PDA, Kalay – PDF SR 6 တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။
တီးတိန်မြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီ စစ်ကြောင်း အင်အား (၁၀၀) ခန့်သည့် ဇွန်လ ၁၇ ရက်နေ့မှစ၍ PDF(Zoland) သိမ်းပိုက်ရရှိထားသည့် ကနေဒီတောင် တပ်စခန်းသို့ ထိုးစစ်ဆင်ပြီး ဇွန်လ ၁၈ ရက်နေ့တွင် ၎င်းတပ်စခန်းကို စစ်ကောင်စီမှ ပြန်လည်သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။
ကနေဒီတောင် တပ်စခန်းကို သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် CDF CDM – Siyin သိမ်းပိုက်ရရှိထားသည့် သိုင်းငင်းတပ်စခန်းသို့ ဆက်လက် စစ်ကြောင်းထိုးပြီး ယနေ့ထိ အဆိုပါ သိုင်းငင်းတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားဆဲဖြစ်သည်။
“ကျွန်တော်တို့ သိုင်းငင်းစခန်းကို လက်မလွတ်ဘဲ ဆက်လက်ထိန်းချုပ်ဆဲဖြစ်တယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးလားပြီး အထိခိုက်အကျဆုံးနဲ့ ရှိနေပါတယ်။ အခု စစ်ကောင်စီက သိုင်ငင်းရွာအနားမှာ ရှိနေပြီတော့ ကျွန်တော်တို့ သိုင်းငင်း စခန်းဟောင်းနဲ့ အဲ့ဒီ တောင်ကြော့ တစ်လျှောက်ကို ထိန်းချုပ်ထားတယ်” ဟု ယနေ့ ဇွန်လ ၂၂ရက်နေ့ မနက်ပိုင်းတွင် ပြုလုပ်သည့် Vaurawng Zuunthil အွန်းလိုင်း တွေ့ဆုံဆွေးနွေးပွဲတွင် CDF – Hualngoram စစ်ဦးစီးချုပ် ပူးပွီးသဲမှ ပြောကြားထားသည်။
တီးတိန် – ကလေးကြား သိုင်းငင်းတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့တွင် CDF CDM – Siyin ပူးပေါင်းမဟာမိတ်တပ်တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။
#စစ်ကောင်စီ #ပြန်လည်သိမ်းယူထားသည့် #ကနေဒီတောင် တပ်စခန်းကို #ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ #ထပ်မံပြန်သိမ်းယူ
#Ayeyarwaddy_Times