
ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်မှာ ဒီသီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူဉီးရေဟာ သောကြာနေ့မှာ ၅၀ ကျော်အထိ ရှိလာခဲ့တယ်လို့ နိုင်ငံပိုင်မီ ဒီယာတွေက ဖော်ပြပါတယ်။
ဒီသီတင်းပတ်အတွင်း လူဉီးရေထူထပ်တဲ့ ကွမ်တုံပြည်နယ်မှာ မိုးသည်းထန်မှုကြောင့် ရေကြီးရေ လျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့သလို ဒေသအချို့မှာ စံချိန်တင် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မီကျိုးမြို့မှာ ရေဘေးကြောင့် လူ ၉ ဦး သေဆုံးခဲ့ပေမယ့် ဇွန်လ ၂၁ ရက်မှာ သေဆုံးသူဉီးရေဟာ ၅၀ ဦးအထိ ရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
“ရာသီဉတု ဆိုးရွားမှုကြောင့် ပိတ်မိနေသူတွေအတွက် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းဟာ ခက်ခဲပြီး အချိန်ကုန်တယ်” လို့ နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဖော်ပြပါတယ်။
လူပေါင်း ၅၅၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး နေအိမ် ၂၂၀၀ ကျော်နဲ့ လမ်း ၄၇၀၀ နီးပါး ပြိုကျခဲ့ တယ်လို့ CCTV က ဆိုပါတယ်။
ရေဘေးကြောင့် ရာနဲ့ချီတဲ့ ဓာတ်အားပေးစက်ရုံတွေ၊ ရေပိုက်လိုင်းတွေအပြင် သီးနှံစိုက်ခင်း ဟက်တာ ၇၀၀၀ နီးပါး ပျက်စီးခဲ့ရတယ်လို့ CCTV က ဖော်ပြပါတယ်။
ရေဘေးကြောင့် တိုက်ရိုက် စီးပွားရေး ဆုံးရှုံးမှုက ခန့်မှန်းချေအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီ လီယံခန့်ရှိတယ်လို့ CCTV က ပြောပါတယ်။
ကိုးကား – NHK
Ref; Torrential rains kill more than 50 in southern China
#Ayeyarwaddy_Times