ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်

အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုနဲ့ လုံခြုံရေးအခြေအနေကို ဖြေရှင်းဖို့ အာဆီယံအ ဖွဲ့ရဲ့ ဉီးဆောင်မှုနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံတယ်လို့ အိန္ဒိယနိုင်ငံက ထပ်လောင်းပြော ကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီသို့ အသွင်ကူးပြောင်းမှုကို ထောက်ခံဆဲ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံက ပြောပါတယ်။

“မြန်မာပြည်သူတွေရဲ့ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းအနေနဲ့ အိန္ဒိယနိုင်ငံဟာ အဖွဲ့အစည်း အားလုံး အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ လူသားချင်းစာ နာမှု အကူအညီနဲ့ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အကျပ်အတည်းကိုဖြေရှင်းဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်” လို့ ဂျီနီဗာမြို့၊ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းမစ်ရှင်ရဲ့ ပထမ အတွင်းဝန် Kshitij Tyagi က ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ဆွေးနွေးပွဲမှာ သူက အခုလို ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိပြီး မြန်မာနိုင်ငံကိုယ်တိုင် ဉီး ဆောင်တဲ့ ငြိမ်းချမ်းသောအဖြေရှာမှု လိုအပ်တယ်လို့ အိန္ဒိယနိုင်ငံက ပြောပါတယ်။

“အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တွေအတွင်း မြန်မာနိုင်ငံမှပြည်သူတွေ အစုလိုက်အပြုံ လိုက်ဝင်ရောက်မှုတိုးလာတာ၊ မူးယစ်ဆေးနဲ့ လူမှောင်ခိုကူးမှုလိုမျိုး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေရဲ့ စိန်ခေါ်မှုက အလွန် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်ပါတယ်” လို့ ၎င်းက ထောက်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက အမြဲ ဉီး စားပေးခဲ့သလို ထိုရည်မှန်းချက်တွေအတွက် အဆက်မပြတ် ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သူ က ဆက်ပြောပါတယ်။

အားလုံးပါဝင်သော ဒီမိုကရေစီစနစ်သို့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုဆိုင်ရာ မူဝါဒနဲ့ပတ် သက်သော ကိစ္စရပ်တွေကို အာဆီယံအဖွဲ့နဲ့ အနီးကပ် ဆက်လက် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အိန္ဒိယ နိုင်ငံက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကိုးကား – NDTV
Ref; “Increased Influx Of People From Myanmar Into Northeast A Grave Concern”: India At UN

#Ayeyarwaddy_Times